50- A GRAVE ILLNESS REQUIRES A SERIOUS DOSE OF MEDICINE

4.6K 818 123
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH50- A GRAVE ILLNESS REQUIRES A SERIOUS DOSE OF MEDICINE

မီဒီယာများကကြားဝင်ခြင်းနှင့်အတူ ရှန်းရှောင်ရှဲအမေ၏အမှုကိစ္စကလည်း အဘက်ဘက်မှ အာရုံစိုက်မှုများစွာရရှိလေတော့သည် ။

အချိန်အတော်ကြာ အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို ခံစားသည်းခံခဲ့ပြီးနောက် တစ်နေ့ဝယ် တုံ့ပြန်မှုအနေဖြင့် သူမ၏ခင်ပွန်းကို သူမကိုယ်တိုင်သတ်ခဲ့သည် ။ ထိုအချင်းအရာက တရားဝင်သော မိမိကိုယ်ကိုခုခံကာကွယ်ခြင်းလော ? သို့တည်းမဟုတ် ကြိုတင်ကြံစည်မှုရှိသော လူသတ်မှုတစ်ခု၏ အကြောင်းအရင်းပေလော ?

အမှုကိစ္စတစ်ခုလုံး ဝေခွဲမရနိုင်ခြင်းတို့ရှိနေခဲ့ပြီး လူတို့၏အသည်းညှာကို ဆွဲကိုင်လှုပ်ယှမ်းနိုင်ခဲ့ကာ ထိထိရောက်ရောက်ပင် စာဖတ်သူတို့ကို ဒေါသထွက်စေခဲ့၏ ။ အမှုကိစ္စနှင့် စပ်လျဥ်းသည့် အွန်လိုင်းပေါ်မှဆွေးနွေးမှုများကလည်း အချိန်တိုင်း မြင့်တက်နေဆဲပင် ။

ကျင်ရှန့်ရှိရှေ့နေများက ရှန်းရှောင်ရှဲ အင်တာဗျူးဖြေဖို့ရန် မီဒီယာနှစ်ခုကို စေ့စေ့စပ်စပ်သေသေချာချာရွေးချယ်ခဲ့ကြသည် ။ ထိုအင်တာဗျုးတွင် ရှန်းရှောင်ရှဲက သူကလေးဘဝမှစ၍ မြင်ခဲ့ရသမျှ၊ တွေ့ကြုံခဲ့ရသမျှနှင့်အတူ မိခင်ဖြစ်သူ၏အကြောင်းကိုပါ အကြောင်းစုံပြောပြလေ၏ ။

ထိုမီဒီယာနှစ်ခုတွင် တစ်ခုက အွန်လိုင်းပေါ်မှသတင်းထုတ်လွှင့်ခြင်းဖြစ်ပြီး အခြားတစ်ခုကမူ အွန်လိုင်းမဟုတ်သော အပြင်လောကတွင် သတင်းများကိုရိုက်နှိပ်ထုတ်ဝေသူဖြစ်လေသည်။ သတင်းများကိုပုံနှိပ်ထုတ်ဝေပြီးသောအခါ လုဖုန်း သတင်းစာတစ်စောင်ဝယ်ပြီး သေသေချာချာဖတ်ကြည့်မိ၏ ။ ကျွမ်းကျင်အတတ်ပညာရှင်ကရေးထားသောဆောင်းပါးကား အမှန်တကယ်ပင် အများနှင့်မတူကြောင်းကိုတော့ လုဖုန်းဝန်ခံရပေလိမ့်မည် ။

အချက်အလက်များ၏ အသွားအလာတည်ဆောက်ပုံကရှင်းလင်းသည် ။ အဓိကအချက်များမှာ ထင်ရှားလှပြီး အကျယ်တဝင့်ရေးသင့်သောအပိုင်းများကို အကျယ်တဝင့်ရေးထားသကဲ့သို့ ရိုးရိုးရှင်းရှင်းအပိုင်းများကိုမူ ကျစ်ကျစ်လစ်လစ်လိုရင်းတိုရှင်း ရေးသားထားလေ၏ ။ မလိုအပ်ဘဲထည့်ထားသော အချက်များမရှိသကဲ့သို့ အရေးကြီးလှသောအချက်များမှာလည်း တစွန်းတစမျှမကျန်ခဲ့ချေ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now