38 - I'VE ALREADY LEFT THAT CLUB AGES AGO,OKAY?

4.2K 693 45
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH38- I'VE ALREADY LEFT THAT CLUB AGES AGO.OKAY?

စိတ်ပျက်အားငယ်မှု မျှော်လင့်ချက်မဲ့မှုတို့ကြားမှ  ထွက်ပေါ်လာခဲ့သော ရူးရူးမူးမူးစွန့်စားခဲ့ခြင်းတစ်မျိုးပင် ။ အလွန်တရာ ကလေးဆန်ပြီး တုံးအလွန်းလှသည် ။ ကြီးပြင်းဆဲဖြစ်သော ကလေးဆိုးတစ်ယောက်ဟု ချီးယန်က သူ့အားခေါ်ခဲ့သည်မှာ အဆန်းမဟုတ် ။ ရှန့်မင်အော်တစ်ယောက် ဤလောက်ထိ ဒေါသထွက်ရခြင်းမှာ... အဆန်းမဟုတ်တော့ ။

မိမိလုပ်ရပ်များအတွက် တစ်ကြိမ်ထက်မက လုဖုန်း နောင်တရကာ ပူဆွေးသောကရောက်ရသည်။

လိုအင်ဆန္ဒဟူသည်ကား ရေတံခွန်ကဲ့သို့အရာ ။ ရေစီးသံတိုးညှင်းညှင်း ရေရှိန်ခပ်နှေးနှေးအချိန်တွင် ခန္ဓာကိုယ်၏သွေးလည်ပတ်မှုကိုတိုးတက်စေကာ အရေပြားအောက် သွေးစုစည်းခြင်းဝေဒနာများကို သက်သာစေပြီး ခန္ဓာကိုယ်ကိုကြံ့ခိုင်စေသည် ။ သို့သော် ရေစီးသန်သည့်အချိန်တွင်မူ ကမ္ဘာပျက်ကိန်းကိုလက်ယပ်ခေါ်သည့်နှယ် ၊ လူများကို ပို၍နက်ရှိုင်းသောချောက်နက်ဆီသို့ဆွဲချကာ ငရဲ၌ထာဝရအပြစ်ခံစေ၏ ။

လူတစ်ဦးတစ်ယောက်ချင်းစီ၌ ထိန်းချုပ်ထားရသော လိုအင်ဆန္ဒများရှိပေသည် ။ ထို လိုအင်ဆန္ဒများကို ပိတ်သိမ်းထားနိုင်သကဲ့သို့ ဖွင့်ထုတ်ခြင်းလည်းပြုလုပ်နိုင်သည် ။လူတိုင်းသည် အန္တရာယ်နှင့်ကြုံတွေ့မရခင်အချိန်အထိ ကျူးကျော်ဝင်ရောက်လာသောအန္တရာယ်ကို သိရှိနားလည်ခြင်းမရှိဘဲ စိုးရိမ်ပူပန်မှုကင်းမဲ့သောဘဝဟု မှားယွင်းသည့်ဟန်ဆောင်မှုအောက်၌သာ ။

နှလုံးသား၏နက်နက်ရှိုင်းရှိုင်းတစ်နေရာတွင် ပုန်းကွယ်တည်ရှိနေသော လိုအင်ဆန္ဒများအကြောင်း ၊ အယ်လ်ကိုဟောက ယူဆောင်လာသော ထင်ယောင်ထင်မှားခံစားချက်များအောက် သူ့ကိုယ်သူ​ပျောက်ဆုံးကာ လက်လွှတ်လိုက်ရခြင်းအကြောင်းတို့ကို ရှန့်မင်အော်က သတိထားမိခဲ့၏ ။

လုဖုန်းအတွက်မူ ရှန့်မင်အော်အပေါ်ထားသည့် လိုအင်ဆန္ဒများက အသိစိတ် ၊ အခြေခံကျသော ဆုံးဖြတ်ချက်ချနိုင်သည့်စွမ်းရည်တို့ကို ဆုံးရှုံးစေကာ မပြောင်းလဲနိုင်သောအမှားတို့ကို ဖြစ်ပေါ်စေ၏ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now