1.1

19.9K 1.5K 26
                                    

SCROLL DOWN FOR ZAWGYI

UNICODE

Ch1 - A Sheet of insincerity

လွတ်လပ်မှုဟူသည် အဘယ်အရာကို ခေါ်ပါသနည်း ?

လုဖုန်း အသက် 16 နှစ်မပြည့်ခင်အထိ လွတ်လပ်မှု၏ အဓိပ္ပါယ်ကို ကောင်းကင်တွင်ပျံသန်းနေသောငှက်၊ ပင်လယ်ထဲကူးခတ်သွားလာနေသောငါးတို့ ပိုင်ဆိုင်သောအရာဟုသာ သတ်မှတ်ခဲ့မိသည်

တစ်နည်းဆိုသော် Sandor Petofi​ပြောခဲ့သလို သူ့ဘဝနဲ့အချစ်အတွက်အလျှော့ပေးလိုက်ချင်စိတ်ပေါက်လာအောင်ထိ တန်ဖိုးရှိတဲ့အရာတစ်ခု ။ လွတ်လပ်ခြင်းဟာ သူ့အတွက်ဒီလိုအဓိပ္ပာယ်ရှိလှသည် ။

လုဖုန်း အသက်၁၆နှစ်ရောက်လာတဲ့အခါ လွတ်လပ်မှုဆိုတဲ့အရာဟာ သူ့အတွက်ပိုလို့ပင်ထင်ရှားသောအနက်ဖွင့်ဆိုမှုတစ်ခုအဖြစ်တည်ရှိလာခဲ့သည် ။

သူရောက်နိုင်သည့်အတိုင်းအတာ၏အလွန်မှာ ။ တစ်နည်းအားဖြင့် မြင့်မားတဲ့နံရံကြီးတွေ၏ အပြင်လောကတစ်ခုသာဖြစ်ခဲ့သည် ။

ထိုလွတ်လပ်မှုကိုပြန်ရရှိဖို့ သူဒီဆယ်နှစ်လုံးစောင့်နေခဲ့ရခြင်းပင် ။

သူထောင်ကလွတ်လာသည့်နေ့ကို မှတ်မိနေဆဲ  ၊ ရိုးရိုးရှင်းရှင်းလက်ဆွဲအိတ်တစ်လုံးကိုသာ သူနှင့်အတူယူဆောင်ပြီး တဖြည်းဖြည်းပွင့်လာသည့်ဂိတ်တံခါးနောက်မှာ လုဖုန်းရပ်နေခဲ့၏ ။

အပြင်လောကနှင့်သူသည် နံရံတစ်လွှာသာခြားနားနေခဲ့သည့်တိုင် တကယ့်တကယ်လွတ်လွတ်လပ်လပ်မြင်တွေ့ရသော မိုးကောင်းကင်က ပိုလို့တောင်လှလှပပ ကြွကြွရွရွ တောက်ပနေသလို၊ လေပြေညင်းကအစ တသိမ့်သိမ့်ချိုမွှေးနေသလို ။

သူ လေတစ်ချက်အဝရှူလိုက်မိသည် ။ သူကြာညောင်းစွာစောင့်ဆိုင်းခဲ့ရသည့် ဘဝအသစ်ကိုလျှောက်လှမ်းဖို့ လုဖုန်းအဆင်သင့်ဖြစ်နေလေပြီ ။

"လုဖုန်း..."

ထောင်စောင့်ဖြစ်တဲ့ လောင်ဟွမ်ကသူနောက်မှာရက်နေကာ လှမ်းခေါ်သည် ။  အေးစက်စက်နဲ့စိတ်မပါသလိုခေါ်ခဲ့တဲ့ နံပါတ်တွေမဟုတ်ခဲ့ ။ လုဖုန်းဆိုသည့်သူ့နာမည်ပင် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now