33.2 - ONE ,TWO , THREE

4.1K 737 82
                                    

UNICODE

33.1 အရင်ဖတ်ရန်

သူတို့နှစ်ယောက် အထူးသီးသန့်ခန်းထဲဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ဂေါက်ရိုက်လေ့ကျင့်ရန်အတွက်အသုံးပြုသော ဖျာရှည်တစ်ချက်ခင်းထားသည်ကိုတွေ့လိုက်ရ၏ ။ အခန်းထဲတွင်မူ ပုံမှန်ခန္ဓာကိုယ်အချိုးအစားနှင့် သက်လတ်ပိုင်းလူတစ်ယောက် ။ ယုံကြည်မှုအပြည့် ၊ စိတ်သက်သာလွယ်ကူမှုအပြည့်ဖြင့် ဂေါက်တံကိုလွှဲရိုက်ကာ လေ့ကျင့်နေခဲ့၏  ။ ထို့ပြင် ထိုလူ၏လေ့ကျင့်မှုအောက်
ဝယ် ကျွင်းဝနားမှအသာလေးဖြတ်သွားခဲ့သော ဂေါက်သီး ။

ထိုလူက တောက်တစ်ချက်အသာခေါက်ကာ ရှန့်မင်အော်အား လှည့်ကြည့်လာခဲ့၏ ။ သူတို့နှစ်ယောက်၏တည်ရှိမှုသတိပြုမိသွားသည်နှင့်တစ်ပြိုင်နက် ကျယ်ကျယ်လောင်လောင် အာမေဋိတ်သံပြုကာ ပိုလွန်သောစိတ်အားထက်သန်မှုမျိုးနှင့် ရှန့်မင်အော်အား လက်ဆွဲနှုတ်ဆက်လာခဲ့၏ ။

"ရှောင်ရှန့် ၊ နောက်ဆုံးတော့ မင်းရောက်လာပြီပဲ "

ရှန့်မင်အော်ကလည်း

"မစ္စတာချိုက် တွေ့ရတာဝမ်းသာပါတယ် "

မစ္စတာချိုက်က လုဖုန်းအားသတိပြုမိသွားပြီးနောက် မည်သူမည်ဝါဖြစ်ကြောင်းမေးမြန်းလာခဲ့၏ ။ မိမိမှာ လက်ထောက်တစ်ယောက်သာဖြစ်ကြောင်း ရှန့်မင်အော်ကရှင်းပြလိုက်သောအခါမှ လုဖုန်းအား အာရုံမစိုက်တော့ပေ ။ လုဖုန်းအနေနှင့်လည်း ရှန့်မင်အော်၏အမိန့်ကိုလိုက်နာကာ ထောင့်တစ်နေရာတွင်အသာလေး ရေငုံနှုတ်ပိတ်နေနေရတော့သည် ။

ထိုမစ္စတာချိုက်ကား အတော်အတန်ပင် စကားပြောဆိုရခဲကတ်သူမျိုး ။ ယဥ်ကျေးပျူငှာကာ သဘောထားကြီးသူဖြစ်သော်ငြား နှုတ်ကိုဖွင့်ဟလိုက်သည့်အချိန်တိုင်း လောလောလတ်လတ်ဖြစ်ပျက်နေသောအကြောင်းများ သို့တည်းမဟုတ် ရှိတ်စပီးယားကဲ့သို့သောအကြောင်းအရာများပြောလိမ့်မည် ။ ထိုသို့မဟုတ်လျှင် သူစျေးပိုပေးပြီးလေလံဆွဲခဲ့သောပန်းချီကားအကြောင်း ၊ မနက်ဖြန် မည်သည့်နေရာ၌ ညစာသုံးဆောင်မည်ဟူသော အကြောင်းအရာများပင် ။ မစ္စတာချိုက်အနေနှင့် အမှန်တကယ်ဆွေးနွေးပြောဆိုရန်ရည်ရွယ်ထားသည့်အကြောင်းအရာမှလွဲ၍ နေမင်းအောက်တွင်ရှိသောအရာမှန်သမျှအကြောင်းကို ပြောဆိုဆွေးနွေးပေလိမ့်မည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now