2.1

7.7K 1.2K 52
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH-2 Longing for a long time

ကြမ်းပြင်ပေါ်ပြန့်ကြဲသွားသောသစ်သီးများကို လုဖုန်းပြန်ကောက်ကာ ခြင်းထဲပြန်ထည့်ထားလိုက်၏ ။ သူ့အမေကို နှစ်သိမ့်ဖို့ရန်လည်း လုဖုန်းကြိုးပမ်းရသေးသည် ။

"အမေစိတ်အေးအေးထားနော် ဒေါသမထွက်ပါနဲ့....ပြီးတော့ သူလည်းပြန်သွားပြီလေ...ဒီအသီးတွေအမေမစားချင်ရင် သားယူလာတဲ့ထျန်းကျင်းပန်ကိတ်လေစားလေနော်...အဲ့ဒါအရသာအရမ်းရှိတယ်"

ဒေါသကြောင့်ထင့် ။ သူမကား အံတကြိတ်ကြိတ်နှင့် အိပ်ရာခင်းကိုလက်ထဲကျစ်ကျစ်ဆုပ်လျက်။
ဒေါသအပြင်စိတ်မတည်ငြိမ်မှုပေါင်းထည့်လိုက်သည်သောအခါ သူမမျက်ဝန်းတို့သည် မတည်ငြိမ်လှုပ်ရှားလျက် ။

"အဲ့ကောင်က အမြဲကံဆိုးမှုတွေကိုပဲယူလာခဲ့တာ ကပ်ပါးကောင်လိုကောင်မျိုး ။ အစားကျွေးတဲ့လက်ကိုပြန်ကိုက်တတ်တဲ့ကောင်စားမျိုး "

လုဖုန်းသစ်သီးခြင်းကို ခုံပေါ်ပြန်တင်လိုက်ရင်း ကုတင်ထက်မှာထိုင်လိုက်သည် ။ သူသည်ကား ယခုအချိန်တွင် ပရိတ်သတ်လုံးလုံးဖြစ်လျက် ။
ရှန့်မင်အော်အား ရသမျှနည်းပေါင်းစုံဖြင့် ကျိန်ဆဲနေသောအမေဖြစ်သူ၏ စကားလုံးတိုင်းကို ကြားမဖြတ်ခြင်းအလျင်းမပြုဘဲ နားထောင်ပေးနေရသောလုဖုန်းပေ ။

တစ်စုံတစ်ယောက်အား ထိုကဲ့သို့ပြင်းပြင်းထန်ထန် သူမ,ကျိန်တတ်လိမ့်မည်ဟု လုဖုန်းစိတ်ကူးထဲတွင်ပင်မတွေးဖူးခဲ့ ။ ထွက်လာသောစကားလုံးတိုင်းကျိန်နည်းတိုင်းသည်  

ပ်ခြင်းပြုခြင်းတစ်ခါမျှတောင်မရှိဘဲ အမျိုးစုံစွာ။

လွန်ခဲ့သောနှစ်များအတွင်း သူမ,အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပုံရသည် ။ အကြာကြီးနေမှ ပွင့်ထွက်လာသည့် ကျိန်ဆိုစကားများသည် သူမအတွက် ဒုတိယဘာသာစကားဖြစ်လာနီးနီးပင် ။

သူနာပြုမှာမူ လုဖုန်းအမေ၏ မဖွယ်မရာအယုတ္တအနတ္တစကားများ မရပ်မနားလွှတ်ထုတ်နေမှုအပေါ် အလွန်အံ့အားသင့်မှုကိုပင် မဖုံးကွယ်နိုင်တော့ ။ ယခုလက်ရှိသူမမြင်နေရသော လင်ရှန်ပင်တွင် လေးစားဖွယ်ရာသြဇာတိက္ကမ တစ်စိလေးမှရှိမနေခဲ့ ။ ဒီပုံစံကိုသာ အရင်ကတည်းကသူမ,မြင်ခဲ့ပါက သြဇာတိက္ကမနှင့်ပြည့်စုံသည် လေးစားဖွယ်ကောင်းသည်ဟူသော စကားတို့ကိုသူမ ပြောခဲ့လိမ့်မည်မဟုတ် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now