8.1

5.1K 910 6
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH8-BUT ENVY ROTS THE BONES

လုဖုန်းသည် ဘာသာမဲ့တစ်ယောက်ဖြစ်သော်ငြား ခရစ်ယာန်ဘုရားကျောင်းများကို ကြိုက်နှစ်သက်နေဆဲပင် ။ ထိုဘုရားကျောင်းများကား ငြိမ်းချမ်းခြင်းအငွေ့အသက်တို့ကိုပေးစွမ်းနိုင်၏ ။ ရောက်လာသမျှလူတို့ကို အေးချမ်းစေ၏ ။ စိတ်တည်ငြိမ်စေ၏ ။ အရာရာကို ပြန်လည်တွေးတောသုံးသပ်ဖို့ရန် နေရာကောင်းတစ်ခုဟုဆိုလျှင်မမှား ။

လုဖုန်းထောင်တွင်နေစဥ်အခါကလည်း ထောင်တွင်း ဘုရားကျောင်းတစ်ခုရှိပေ၏။  ဘာသာရေးကိုအလေးထားသူတို့အတွက် ဝတ်ပြုဆုတောင်းဖို့ရာ တည်ဆောက်ပေးထားခြင်းပင် ။ ခရစ်ယာန်ဘုန်းတော်ကြီးကား တစ်လတစ်ခါလာလေ့ရှိ၏။

လုဖုန်း လုပ်စရာမရှိသည့်အချိန်များဆိုလျှင် ဘုရားကျောင်းသို့သွားကာ ဓမ္မတေးများနားထောင်ရင်း သမ္မာကျမ်းစာများဖတ်ရှုရင်း အချိန်ကုန်စေသည် ။ သူ့အနေနှင့် ယုံကြည်သူတစ်ယောက်မဟုတ်မှန်း ဘုန်းတော်ကြီးကသိသော်ငြား ဘယ်သောအခါမှမောင်းထုတ်ခြင်းမပြုခဲ့ ။

သူ့ကို ခရစ်ယာန်အသင်းတော်ဝင်တစ်ယောက်အဖြစ်သွတ်သွင်းဖို့ရန် စောင့်ဆိုင်းနေကြောင်းသာ ထိုဘုန်းတော်ကြီးက အမြဲပြောလေ့ရှိသည်။
သူ၏ ဒုစရိုက်ပြစ်မှုတို့ ပျော်ဝင်ပျောက်ကွယ်ဖို့ရန် ဟူ၍ ။ 

ဘုန်းတော်ကြီးမှာ ထိုစကားများကို နှစ်ပေါင်းများစွာ ထပ်ခါထပ်ခါပြောခဲ့လေ၏ ။ နောက်ဆုံး အသက်အရွယ်အိုမင်းလာသောအခါ ထောင်ထဲရှိ ဘုရားကျောင်းကိုပင် မလာနိုင်တော့ ။ သူ့အစား အခြားငယ်ရွယ်သောဘုန်းတော်ကြီးတစ်ယောက်ကိုသာ အစားထိုးခဲ့ရ၏ ။ အသစ်ရောက်လာသော ဘုန်းတော်ကြီးကား ထောင်သားများအပေါ် စိတ်ဝင်စားမှုသိပ်မပြသောကြောင့် နောက်ဆုံးတွင် လုဖုန်းတစ်ယောက် သူ၏ ငြိမ်းချမ်းမှုကို တစ်ဖန်ပြန်ရယူနိုင်ခဲ့တော့၏ ။

အကယ်၍ ယခင်အသက်ကြီးကြီးဘုန်းတော်ကြီးကသာ လုဖုန်းသည် ယောက်ျားများကိုနှစ်သက်သော လူထူးလူဆန်းတစ်ယောက်မှန်းသိခဲ့သော် သူပြောခဲ့သောစကားလုံးများအတွက် နောင်တရမည်မှာအမှန်ပင် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now