3.1

6.8K 1.1K 14
                                    

SCROLL DOWN FOR ZAWGYI


UNICODE

CH3-STAY AWAY FROM ME

ဝေ့ရှဲကား သူ့စီးပွားရေးလုပ်ငန်းတိုးတက်ကြီးပွားပြီး လာဘ်လာဘကောင်းဖို့ရန် မျှော်လင့်ချက်ဖြင့် အပေါင်ဆိုင်ကိုပင် "ရှင်းဝမ့် အပေါင်ဆိုင်"ဟူ၍ အမည်မှည့်လေ၏ ။

(T/N- ရှင်းဝမ့်ဆိုတာ အောင်မြင်ကြီးပွားတိုးတက်ခြင်းဆိုတဲ့ အဓိပ္ပာယ်ရပါတယ် ^_^)

လုဖုန်း လုပ်ငန်းခွင်ထဲသို့ တကယ်ဝင်လာသောအချိန်မှ သူစီမံကိုင်တွယ်ရမည့်လူအရေအတွက်မှာ ဝေ့ရှဲ ယခင်ကပြောထားသည်ထက် အနည်းငယ်ပိုနေကြောင်းသိရတော့သည် ။

အမှန်တကယ် သူအုပ်ချုပ်ရမည်ကား သုံးယောက် ။ ငွေကြေးပိုင်းဆိုင်ရာ မန်နေဂျာ လျိုရွဲ့ , ဆိုင်ဝန်ထမ်း ရှန်းရှောင်ရှဲ ၊ ဆိုင်သန့်ရှင်းရေးနှင့် ချက်ပြုတ်ရေးအတွက် အထူးခန့်ထားသောဝမ်အမျိုးသမီး။

အပေါင်ဆိုင်ကဲ့သို့သောနေရာမျိုးတွင် အလုပ်လုပ်ရခြင်းသည် တခါတလေတော့လည်း ​ထိတ်လန့်ဖို့ကောင်းတတ်သည် ။ အပေါင်ဆိုင်ဆိုသည်ကား များသောအားဖြင့် တစ်စုံတစ်ရာကိုဆုံးရှုံးရတော့မည်အခြေအနေတွင် ရောက်လာရသည့်နေရာပေမလား ။

မိခင်ဖြစ်သူပေးလိုက်သော ရွှေဆွဲကြိုးမှအစ တန်ဖိုးရှိသော ကျောက်ကပ်အထိ မည်သည့်အရာမဆို အပေါင်ဆိုင်ကလက်ခံသည် ။

အပေါင်ဆိုင်တစ်ခုအနေနှင့် တရားဝင်ပစ္စည်းများသာလက်ခံပေ၏ ။ ထို့ကြောင့် တရားမျှတပြီး သန့်ရှင်းသော ပစ္စည်းလဲလှယ်ရာနေရာတစ်ခုဟုပင် ဆိုနိုင်သည် ။ ဆိုင်မှ လက်ခံနိုင်သောပစ္စည်းဆိုလျှင် လုဖုန်းတို့ဝမ်းပန်းတသာလက်ခံမည် ။ ထို့ပစ္စည်းများမှအပ တခြားပစ္စည်းများကို သူတို့မလိုချင် ။

လျှပ်စစ်သုံးအာရုံခံကိရိယာမှထွက်လာသော "ကြိုဆိုပါတယ်ရှင်"ဆိုသည့်
အမျိုးသမီးအသံက လုဖုန်းကိုမဂ္ဂဇင်းဖတ်နေရာမှ ရပ်တန့်၍ခေါင်းမော့စေသည် ။ ပန်းပွင့်အဆင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားသော ခပ်ချောချောလူတစ်ယောက် ဆိုင်တံခါးတွန်း၍ဝင်လာသည်ကို လုဖုန်းမြင်မြင်ခြင်းပင် သူသိလိုက်သည် ။ အလုပ်တစ်ခုတော့ဝင်လာနေပြီဆိုတာ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now