4.1

6.3K 1.1K 45
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH4-NONE OF YOUR FUCKING BUSINESS


"ငါနဲ့ ဝေးဝေးမှာသာနေ "

လုဖုန်း ရင်ဘတ်ထဲကနှလုံးသားငယ်သည် တိုးတိမ်သောအသံဖြင့် ဘုတ်ခနဲပြုတ်ကျသွားသကဲ့သို့ ပြိုလဲသွားသကဲ့သို့ ။ တစ်စုံတစ်ယောက်က သူ့အား အံ့အားသင့်စေဖို့ရာ မရပ်မနားကြိုးစားနေသကဲ့သို့ပင် ။ အခွင့်အရေးရလျှင်ရချင်း လုဖုန်းအနာကျင်ဆုံးဖြစ်မည့်နေရာကို ခုန်အုပ်တိုက်ခိုက်လိုက်လေသလား မှတ်ရသည် ။

ဆေးပြင်းလိပ်နှင့် သင်းပျပျရေမွှေးတို့ပေါင်းစပ်၍ဖြစ်တည်လာသော စူးရှရှရနံ့ကား တစ်စက္ကန့်ပင်အလွတ်မပေးဘဲ စိုးမိုးခြယ်လှယ်ဖို့ ကြိုးစားနေသယောင် ။ ထိုအရာကား ရှန့်မင်အော်နှင့်ပင် ဆင်တူပေ၏ ။ သေသပ်လှသော ဝတ်စုံ ယဥ်ကျေးပျူငှာလှသော အပြုအမူတို့အောက် ဖုံးကွယ်နေသော ရက်စက်ကြမ်းကြုတ်သည့်သားရိုင်းတစ်ကောင်၏ စိတ်ဝိဉာဥ်ကဲ့သ်ု့ပင် ။

"ကျွန်တော် အကို့ဆီလာခဲ့တာ မဟုတ်ဘူး"

လုဖုန်း လက်ထဲမှာကိုင်ထားသော စက္ကူအိတ်ကိုရှေ့ထုတ်ပြရင်း စကားဆက်သည် ။

"ဝယ်သူတစ်ယောက်ဆီ ပစ္စည်းတစ်ခုပို့စရာရှိလို့လာခဲ့တာ"

ရှန့်မင်အော် စက္ကူအိတ်ဆီသို့ တစ်ချက်တောင်မကြည့် ။ ထို့ပြင် သူ့မျက်ဝန်းများထဲမှ စူးရှမှုသည်လည်း အနည်းငယ်မျှတောင်လျော့မသွား ။

"အဲ့လိုဆို ပိုကောင်းတယ် "

ရှန့်မင်အော်၏ အသံအနေအထားကိုနားထောင်ကြည့်ရသော် လုဖုန်းက သူ့နောက်ကိုလိုက်နေသည်ဟု သံသယဖြစ်နေသည်လား ?

လုဖုန်း ကိုယ်တွင်းမှလှိမ့်တက်လာသော ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည် ။

"တစ်ခုခုဖြစ်ရင် ဆက်သွယ်လို့ အကိုပဲပြောခဲ့တာမလား ? ကိုယ်တိုင်မြန်မြန်ဆန်ဆန်ပဲ ပြောခဲ့တဲ့စကားကို ဘယ်လိုလုပ်ပြီးမေ့သွားရတာလဲ ?"

လုဖုန်း လက်တစ်ဖက်ကို အင်္ကျီအိတ်ကပ်ထဲထည့်ထားမိသည် ။
အော်မိမလိုပင်ဖြစ်သွားသောအသံကို သူမနည်းထိန်းချုပ်ထားရသည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now