58 - YES

5.5K 863 146
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH58 - YES

ယောင်ကျင့်တစ်ယောက် တရားရုံးတွင် အပြစ်ဒဏ်မှလွတ်မြောက်သွားပြီးနောက်ဝယ် ၊ သူမ၏ ရှေ့နေဖြစ်ခဲ့သူ ရှန့်မင်အော်ကား ခေတ္တခဏအတွင်းမှာပင် နာမည်ကြီးသွားကာ မီဒီယာများဆီမှ အာရုံစိုက်မှုအများအပြားရရှိလာတော့သည် ။

ရှန့်မင်အော်အနေဖြင့် ဤနယ်ပယ်ထဲတွင် ဂုဏ်သတင်းကြီးမားသည့်တိုင် သူ့အမည်နှင့်တွဲဖက်နေသော အောင်မြင်ကျော်ကြားမှုမျိုးတော့မရှိခဲ့ ။ ဤအမှုကိစ္စပြီးဆုံးပြီးနောက်ဝယ် လူတိုင်းက ရှန့်မင်အော်ကိုသိလာကြပြီး ၊ သည်တစ်ခေါက်လှုပ်ရှားမှုက သူ့နာမည်နှင့်ပတ်သက်၍ လူအများသိလောက်မည့်အဆင့်တစ်ခုသို့ တွန်းတင်ပေးလိုက်သည်ဟု ပြော၍ရပေသည် ။

အစပထမ၌ ရှန့်မင်အော်ပြောခဲ့သလိုပင် ၊ ဤအခြေအနေကား နှစ်ဦးနှစ်ဖက်စလုံးကို အကျိုးဖြစ်ထွန်းစေနိုင်မည့်အရာဖြစ်လေတော့သည် ။

အမှုကိစ္စပြီးနောက်ဝယ် ရှန့်မင်အော်ကား ယခင်ထက်ပို၍ အလုပ်ရှုပ်လာလျက် ။ လုဖုန်း ရှေ့နေရုံးခန်းသို့ အကြိမ်အနည်းငယ်သွားဖြစ်သည့်အချိန်တိုင်း ရှန့်မင်အော်တစ်ယောက် အမှုသည်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကိုသာ မြင်နေရတော့သည် ။ တစ်ချိန်တစ်ခါက အစီအစဥ်တကျဖြစ်နေသောရုံးခန်းကား ယခုမူ ဆွေးနွေးရန်လာကြသောလူများဖြင့် ခြေချင်းလိမ်လျက် စျေးသဖွယ်ကူးပြောင်းသွားတော့၏ ။ အလင်း၏အလျင်ဖြင့် တိုးတက်နေသော ရှန့်မင်အော်၏ လုပ်ငန်းနှင့်ယှဥ်လျှင် ၊ လုဖုန်းနှင့် ရှန့်မင်အော်အကြား ဆက်ဆံရေးကမူ အရှိန်နှေးလျက်။

အခုရက်ပိုင်းအတွင်း ရှန့်မင်အော်က မိမိအပေါ် သိပ်အာရုံမစိုက် ။ ပုံမှန်အားဖြင့်လည်း မိမိအပေါ် စိတ်အားထက်သန်မှုမျိုးဖြင့် ဆက်ဆံတတ်ခြင်းမဟုတ်သော်ငြား ၊ ရှန့်မင်အော်၏အပြုအမူကွာခြားချက်များကို တစ်နည်းတစ်ဖုံဖြင့် လုဖုန်း ကောင်းစွာသိနိုင်ပါသေး၏ ။

လုဖုန်း ရှန့်မင်အော်ကို နေ့စဥ်ပို့နေကျ မက်ဆေ့ချ်များကို ဥပမာထား၍ ပြောရပေမည် ။ လုဖုန်းအနေဖြင့် ရှန့်မင်အော်အား နေ့စဥ် အချိန်မှန်အနားယူရန် ၊ အချိန်မှန်စားဖို့ရန် သတိပေးမှုအဖြစ် မက်ဆေ့ချ်များပေးပို့ဖြစ်သည် ။ ယခင်က ရှန့်မင်အော်တစ်ယောက် သူ့မက်ဆေ့ချ်များကို ပြန်စာမပို့လျှင်တောင်မှ ၊ မက်ဆေ့ချ်များကိုတော့ ဖတ်လိမ့်မည်ဆိုတာ လုဖုန်းသိနေခဲ့သည် ။ သို့သော် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း လုဖုန်း မသေချာသလိုခံစားလာရ၏ ။ ဘာမှထွေထွေထူးထူးမရှိသော်ငြား ရှန့်မင်အော်တစ်ယောက် မိမိမက်ဆေ့ချ်များကို ဖွင့်ပင်မဖတ်ဟူသော ခံစားချက်မျိုး လုဖုန်းခံစားလာရသည် ။  မက်ဆေ့ချ်ရောက်သွားသည်နှင့်တစ်ပြိုက်နက် ရှန့်မင်အော်က ဖျက်ပစ်လိုက်ခြင်းမျိုးလည်း ဖြစ်နိုင်သည် ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now