33.1 - ONE, TWO , THREE

4.1K 696 36
                                    

SCROLL DOWN FOR ZAWGYI

UNICODE

အပိုင်းရှည်တာမို့ နှစ်ပိုင်းခွဲပေးထားပါတယ်
33.1 ပြီးရင် 33.2ကို ဆက်ဖတ်ပါ

CH33 - ONE , TWO , THREE

နှစ်ယောက်အတူ ဆော့ကစားအပြီးတွင် ရွှီနကား ပင်ပန်းသွားပုံရသည် ။ ဆိုဖာပေါ် အိပ်မောကျလျက် ။ လုဖုန်း အပေါ်ဝတ်ဂျက်ကက်ကိုချွတ်ကာ သူမအပေါ်လွှမ်းခြုံပေးထားလိုက်၏ ။

မစ္စယန်နှင့် ရှန့်မင်အော်ကား ရုံးခန်းထဲတွင် တစ်နာရီခန့်မျှ စကားပြောခဲ့ကြသည် ။ စကားပြောအပြီး မစ္စယန်ပြန်လာသောအခါ ကောင်းကင်အာကာတစ်ခွင်မှာပင် နေဝင်ဆည်းဆာ၏အငွေ့အသက် ရောင်စုံသန်းလျက်ရှိနေခဲ့ချေပြီ  ။ မစ္စယန်က လုဖုန်းအား ကျေးဇူးတင်စကားဆိုပြီးနောက် ရွှီနကို အသာအယာမ,ချီလျက် ၎င်းတို့သားအမိနှစ်ယောက်ကို ရုံးအပြင်ဘက်ထိပို့ဆောင်ပေးမည်ဖြစ်သော ဝူရိနောက်မှလိုက်ပါသွားတော့သည် ။

လုဖုန်း အပေါ်ဂျက်ကက်ကိုပြန်ဝတ်လိုက်ကာ
၎င်းတို့နောက်မှ လိုက်ဖို့ပြင်၏ ။ ဝူရိက ရွှီနတို့သားအမိနှစ်ယောက် လိုက်ပို့ပြီးပြန်လာသည်ကို တွေ့လိုက်ရချင်းပင် လုဖုန်း ဝူရိဆီသွားကာ ပုခုံးပေါ်သို့လက်တစ်ဖက်တင်လိုက်၏ ။

"သူတို့က ယာဥ်မတော်တဆမှုမှာ ဆုံးသွားတဲ့သူရဲ့ မိသားစုတွေမလား ?"

ဝူရိတစ်ယောက် အနည်းငယ်အံ့အားသင့်လျက်ပင် လုဖုန်းအား ပြန်ပြောလာခဲ့၏ ။

"ဘယ်လိုသိတာလဲ ? မစ္စယန် ပြောပြသွားတာလား ? "

"ကျွန်တော့်ဉာဏ်ရည်ဉာဏ်စွမ်းနဲ့သိတာပါဗျာ ၊ သူတို့ဝတ်စားထားပုံတွေ ၊ ပြောပုံဆိုပုံတွေက ခင်ဗျားတို့အဓိကပစ်မှတ်ထားတဲ့အမှုသည်တွေနဲ့  အများကြီးကွာခြားနေတယ်လေ ၊ တစ်ချက်ကြည့်လိုက်ရုံနဲ့ တရားရုံးအမှုတွေမှာ ခင်ဗျားတို့ကိုရှေ့နေငှားရအောင်အထိ ပိုက်ဆံသိန်းချီတတ်နိုင်မယ့်သူတွေမဟုတ်ဘူးဆိုတာ လူတိုင်း​ပြောနိုင်တယ် ၊ ပြီးတော့ .."

လုဖုန်း သွားများပေါ်သည်အထိ ပြုံးပြလိုက်ပြီးနောက်

" အမှုသည်က နေ့လည်ကျရင် လာလိမ့်မယ်ဆိုပြီး အစည်းအဝေးခန်းထဲမှာ ပြောနေတာကြားခဲ့တာ "

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now