51 - TEN YEARS

4.8K 858 151
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH51 - TEN YEARS

"ဒီက မီမီ မဟုတ်လား ?"

လုဖုန်း ဝိုင်ခွက်ကို နှုတ်ခမ်းနားထိကပ်ဖို့ပြင်လိုက်စဥ်မှာပင် မိမိနောက်ပါးဆီမှထွက်ပေါ်လာသော အကျွမ်းတဝင်ရှိပြီး တည်ငြိမ်လှသည့် အမျိုးသမီးအသံကိုကြားလိုက်ရတော့သည် ။

ထိုအမျိုးသမီးကား အသားကပ်ခြေအိတ်နှင့်အတူ အနီတောက်တောက်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းများကို ပေါ်လွင်အောင်ဖော်ပြနေလျက် ။ ထင်းနေသော နီရဲရဲနှုတ်ခမ်းတစ်စုံ၊ နှင်းလိုဖြူဥသောအသားအရေ ၊ စက္ခုပသာဒရှိလှသော ဆံနွယ်လှိုင်းများနှင့် သူမ၏အရှိန်အဝါကား အေးစက်ပြီး တစ်သီးတစ်ခြားနိုင်လှသည် ။ သူမ အနားသို့ကပ်လာသည်နှင့်တစ်ပြိုင်နက် မကြာသေးမီကပင် တောက်ပနေခဲ့သော ရေသူမလေးကျန်းမီမီမှာ မှေးမှိန်သွားရတော့သည် ။

"Oh , ဝမ်းကွဲအမပဲ "

ကျန်းမီမီပြောရင်းနှင့်ပင် ကျောကိုမတ်လိုက်သည် ။

ရှောင်းမော့ယွီကား ဝိုင်နီတစ်ခွက်ကိုကိုင်ထားရင်း ဝမ်းကွဲညီမဖြစ်သူ ကျန်းမီမီအား စေ့စေ့စပ်စပ် ဆန်းစစ်နေဟန်ပြု၏ ။ ထို့နောက် ကျန်းမီမီ၏ပြားချပ်နေသောရင်ဘတ်ကို တစ်ချက်ကြည့်ကာ အထင်သေးဟန်ဖြင့်

"အခုတလော လက်ဝှေ့ထိုးနေတယ်ဆို ၊ တကယ်လို့ အချိန်ရှိတယ်ဆိုရင် နင်လေ့ကျင့်သင့်......"

ရုတ်တရက် လုဖုန်း၏တည်ရှိနေမှုအား သတိထားမိသွားချိန် ရှောင်းမော့ယွီမှာ ဆတ်ခနဲတောင့်သွားပြီး မယုံကြည်နိုင်ဟူသောပုံစံမျိုးဖြင့် စိုက်ကြည့်လာခဲ့တော့သည် ။

"ရှင်က ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ ?"

ရှောင်းမော့ယွီ၏မှတ်ဉာဏ်ကား အတော်လေးကောင်းသည်ဟုဆိုရမည် ။ အချိန်အတော်ကြာနေပြီဖြစ်သော်ငြား လုဖုန်းအား မှတ်မိနေဆဲပင် ။

"မတွေ့တာကြာပြီနော် မစ္စရှောင်း ၊ အခုတလော ဘယ်လိုလဲ အဆင်ပြေရဲ့လား ?"

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now