8.2

5K 984 107
                                    

SCROLL DOWN FOR ZAWGYI

UNICODE

8.1 အရင်ဖတ်ရန် <<<

"ရှန့်မင်အော်က တစ်ကယ်ပဲ မေတန်ဆေးဝါးလုပ်ငန်းကနေ နှုတ်ထွက်ပြီး စီးပွားရေးလုပ်ငန်းသစ်ထူထောင်ချင်နေတာလား"

လုဖုန်းမေးလိုက်သည် ။

"အဲ့တာဟုတ်တယ် ၊  အဲ့အကြောင်းအခုပြောနေရင်းတောင် ကျွန်တော်အံ့သြနေမိတာ ၊ သူက ကုမ္ပဏီအကြီးအကဲရဲ့သမက်ဖြစ်လာတော့မှာလေ ၊ ဘာကြောင့် အစကနေပြန်စချင်လဲမသိဘူး ၊ ကြည့်ရတာ ကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာဘဝမှာနေရတာပျင်းလာလို့ အခက်အခဲတွေရင်ဆိုင်ချင်နေပုံရတယ် "

"အဲ့ဒါ တကယ်ပဲထူးဆန်းလို့လား !?"

လုဖုန်း ရိတကျွမ့်ပို့ထားသော ဖိုင်များကို ကွန်ပျူတာပေါ်မှာရှာဖွေနေရင်း မေးလိုက်သည် ။ ဖိုင်ကိုရှာတွေ့တွေ့ချင်း ပို့ထားသမျှအကြောင်းအရာအားလုံးကို အကြမ်းတစ်ချက်ဖတ်လိုက်၏ ။

"တကယ်တမ်းပြောရရင် ရှန့်မင်အော် ဒီလောက်အချိန်အကြာကြီး ကုမ္ပဏီတစ်ခုလက်အောက်မှာ အလုပ်လုပ်နိုင်တယ်ဆိုတာက ငါ့ကို ပိုပြီးအံ့အားသင့်စေတယ်"

ဥပဒေပညာကိုလေ့လာခဲ့သော ရှန့်မင်အော်အနေဖြင့် ရှိသမျှအသိပညာကိုအသုံးချ၍ သူ့အကျိုးစီးပွားအရေးသာအောင် ကောင်းစွာပြုလုပ်လိမ့်မည်ဟုဟာ လုဖုန်းအမြဲတွေးခဲ့မိသည် ။ သူ၏နေ့စဥ်အလုပ်အကိုင် ဥပမာ သူတစ်ပါးလက်အောက်လိုနေရာမျိုးတွင် သူရထားသော ဘွဲ့ဒီဂရီကိုအသုံးချလိမ့်မည်ဟု လုဖုန်းဘယ်တော့မှမထင်ခဲ့ ။

ယခုရှန့်မင်အော်ကား ကုမ္ပဏီတစ်ခု၏ ဥပဒေရေးရာအကြံပေးတစ်ယောက်ဖြစ်လာရုံသာမက CEO၏အသိအမှတ်ပြုခြင်းပါခံရသည် ။ ထို့ပြင် ငယ်ရွယ်လှပချမ်းသာသောသတို့သမီးလောင်းကိုပါ ပိုင်ဆိုင်ထားသေး၏ ။ အရာရာတိုင်းကို သာမန်လူတစ်ယောက်နီးနီးပင် ရှန့်မင်အော်ကျော်ဖြတ်နိုင်ခဲ့၏ ။

"ကျွန်တော်သိရသလောက်ဆို ရှောင်းဆွေကွမ်းက လောလောဆယ် ကုမ္ပဏီကထွက်သွားဖို့အကြောင်းနဲ့ပတ်သက်ပြီးပြောဖို့ကို ငြင်းဆန်နေတယ်တဲ့ ၊ အရင်အပတ်ကပဲ နိုင်ငံရပ်ခြားမှာ အရေးကြီးအစည်းအဝေးတစ်ခုတက်စရာရှိတယ်အကြောင်းပြပြီး ထွက်သွားတယ်ဆိုပဲ ၊ ရှန့်မင်အော်ဘက်ကတော့ ဘာမှမတုံ့ပြန်သေးပေမဲ့ လွယ်လွယ်နဲ့နောက်ဆုတ်မယ့်ပုံတော့မပေါ်ဘူး "

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now