54 - THE DEVIL'S DIARY

5.3K 817 77
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH54 - THE DEVIL'S DIARY

Trigger Warming : သွေးထွက်သံယိုဖြစ်ရပ်များအား စကားလုံးများဖြင့် သရုပ်ဖော်ခြင်း ၊ မိမိကိုယ်ကိုထိခိုက်နာကျင်စေခြင်း နှင့် တိရစ္ဆာန်ညင်းပန်းနှိပ်စက်မှုဆိုင်ရာအကြောင်းအရာများ

ကျန်းမီမီက လုဖုန်းအား ဖုန်းခေါ်ကာ ရှောင်းဆွေကွမ်းက မိမိအားတွေ့ချင်နေကြောင်းပြောလာခဲ့သည် ။

ထိုအချင်းအရာကိုကြားချိန်ဝယ် လုဖုန်းမှာ အံ့အားသင့်သွားရ၏ ။ မိမိအနေဖြင့် ရှောင်းဆွေကွမ်းအား ယခင်က တစ်ကြိမ်မျှသာတွေ့ဖူးပြီး စကားများများစားစားလည်း မပြောဖြစ်ခဲ့ ။ ဤသို့ဆိုလျှင် ရှောင်းဆွေကွမ်းက အဘယ့်ကြောင့် မိမိအား တစ်ဖန်ထပ်တွေ့ချင်ရသနည်း ?

"အဲ့နေ့က ရှင့်ကို သူသဘောတွေ့သွားတယ်လေ ၊ အဲ့ဒါနဲ့ပဲ သူ့အိမ်မှာ ထမင်းတစ်နပ်လောက်ဖိတ်ကျွေးချင်နေတာ ၊ သူစုထားတဲ့နာရီတွေ ရှင့်ကိုကြည့်ခိုင်းဖို့တောင် စိတ်အားထက်သန်နေသေးတယ် "

ကျန်းမီမီက လုဖုန်းအား ရှင်းပြလာတော့သည် ။

ရှောင်းဆွေကွမ်းတွေ့လိုသည်မှာ လုဖုန်းဆိုသောမိမိမဟုတ် 'ကျန်းမီမီ၏ချစ်သူကောင်လေး'ပင်ဖြစ်ကြောင်း လုဖုန်းသိသည် ။ ဤအရာများအားလုံးကား အလိမ်အညာတစ်ခုမှစတင်ခဲ့ခြင်းဖြစ်ပြီး ယခုတော့ မူလအလိမ်အညာကို ဆက်လက်ထိန်းသိမ်းထားရန် ယခင်ထက်ပို၍ လုပ်ကြံဖန်တီးဖို့လိုအပ်လာတော့သည် ။

"ငါ ကူညီပေးတာ ဒါနောက်ဆုံးအကြိမ်နော် ၊  "
နောက်တစ်ခါ ဦးလေးကထပ်မေးလာရင် ငါ့ကိုအဆက်ဖြတ်လိုက်ပြီလို့သာပြောလိုက်တော့ "

ကျန်းမီမီကား လုဖုန်း၏တောင်းဆိုမှုကို "ဟုတ်ကဲ့"ပေါင်းများစွာဖြင့် စိတ်အားထက်သန်စွာတုံ့ပြန်လာတော့သည် ။ ထို့နောက် လိပ်စာကိုပေးပို့လာပြီးလျှင် တွေ့မည့်အချိန်ကိုပါ အတည်ပြုလိုက်တော့သည် ။

"တီ..တီ "

ကျန်းမီမီနှင့်ပြောနေခြင်းမှ ဖုန်းချလိုက်ရုံရှိသေးသည် ။ ဖောက်သည်တစ်ယောက်က ဆိုင်အရှေ့တံခါးမှနေ၍ လှမ်းဝင်လာတော့၏ ။

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now