24

6.1K 961 38
                                    

SCROLL DOWN FOR ZAWGYI

UNICODE

CH24- DO YOU HAVE ANYTHING TO EXPLAIN?

လုဖုန်းတို့လေးယောက်သား စားပွဲတစ်လုံးတွင်တူတူစုထိုင်လိုက်ကြ၏ ။ ခပ်ပါးပါးအသားလွှာကို ဆူပွက်ပွက်ဟော့ပေါ့ဟင်းရည်ထဲ အားပါပါနှစ်ရင်း သူတို့လုပ်ခဲ့သမျှအလုံးစုံကို ဝန်ခံကြရတော့သည် ။ ဝေ့ရှဲက သူနားလည်သည့်ပုံစံမျိုးပြသော်ငြား အခြေအနေများအပေါ် ဒေါသထွက်နေဆဲပင် ။

ဝေ့ရှဲ၏နဖူးပြင်တစ်ခုလုံးကား ချွေးများဖြင့်စိုရွဲနေသည်ဖြစ်ရာ ဝေ့ရှဲတစ်ယောက် အပေါ်ထပ်ဂျက်ကတ်ကို မဖြစ်မနေချွတ်လိုက်ရတော့၏ ။ ထိုစဥ်ပေါ်လာသော လက်မောင်းပြည့်ကွမ်းယင်မယ်တော်တက်တူးက အထင်းသား ။ ဆံပင်ခပ်တိုတို ၊ ကြမ်းတမ်းခပ်ထန်ဟန် အရိပ်အငွေ့တို့ကို  ထပ်ပေါင်းထည့်လိုက်သောအခါ ဝေ့ရှဲနှုတ်ဆိတ်နေသည့်အချိန်သည် ကြောက်မက်ဖွယ်အကောင်းသား။

လုဖုန်းတစ်ယောက် ရှန်းရှောင်ရှဲသာမက ရိတကျွမ့်နှင့်ပါ အကြည့်ချင်းဖလှယ်မိသည် ။ ဤကိစ္စသည် ဤလောက်နှင့်မပြီးသေးကြောင်း သူတို့အားလုံးသိထားကြသည်လေ ။ သူတို့အားလုံး အလျင်အမြန်ပင် ခွက်ကိုယ်စီ၌ အရက်အပြည့်ဖြည့်ကာ ဝေ့ရှဲအားတောင်းပန်သည့်အမှတ်သင်္ကေတအဖြစ် ခွက်မြှောက်ဖို့ပြင်သည် ။

"စန်းကော ကျွန်တော်တို့မှားပါတယ် "
ဝေ့ရှဲက သူတို့ကို တစ်ချက်ကြည့်ကာ အမှုမထားသလိုပင် မြေပဲကောက်စားနေခဲ့၏ ။

ကြည့်ရသည်မှာ ဤမျှလောက်နှင့် မလုံလောက်သေးသည့်ပုံပင် ။

ရှန်းရှောင်ရှဲကား အငယ်ဆုံးလည်းဖြစ် ဝေ့ရှဲအား အကြောက်ဆုံးသူလည်းဖြစ်ရာ  ဝေ့ရှဲ၏မျက်နှာအမူအရာမှာ အေးတိအေးစက်နိုင်နေသေးကြောင်း တွေ့သွားပြီးနောက်ပင် လုဖုန်းတို့၏ခွက်များကို ဘီယာအေးများ ဖြည့်ပေးလာတော့၏ ။ မျက်နှာမှာလည်း စူအောင့်အောင့် သုန်မှုန်မှုန်ဖြစ်လုနီးပါးပင် ။

"စန်းကော တကယ်တော့ ဒီကိစ္စမှာ ကျွန်တော်ဝင်ပါတာ အနည်းဆုံးပဲ ၊ ကျွန်တော် ဘာမှမသိဘူး ၊ အပြစ်ပေးမယ်ဆို သူတို့ကိုပဲပေးပါ ၊ ကျွန်တော့်ကိုမပေးနဲ့"

Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now