Extra (8)

9.8K 1.2K 37
                                    

"ချွင် ... ချွင် ...''

ဆူညံသော ချူသံလေးများ ကောင်းကင်ဘုံ အဝှမ်း ပျံ့နှံ့လို့လာသည်ကို အကုန်လုံး ထင်ထင်ရှားရှား ကြားလိုက်ရသည်။

ထို ချူးသံလေးများကြောင့် ခန်းမဆောင်၏ လေထုမှာ ချက်ချင်း မြူးထူး၊ သက်ဝင်လာသယောင် ရှိသည်။

နတ်ဘုရားတို့ကား အံ့သြသွားလျက် အသံလာရာကို စူးစမ်းကြည့်ကြသည်။ ၎င်းတို့ နားမလည်သည်က ထိုချူလုံးများ၏ မူပိုင်ရှင်သည် ယခုခန်းမဆောင်၌ မားမားမတ်မတ်ရပ်နေလေရာ မည်သူကများ ထိုအသံကို ဖန်တီးနေရပါသနည်း။

ဖုန်ဟွေ့ပင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ယောင်ယမ်းကာ သူ၏ ခြေအစုံကိုပင် ငုံ့ကြည့်မိသည်။ သေချာပေါက် သူက ထိုဆူဆူညံညံ ငွေဖြူရောင်ချူများကို ဖြုတ်ခဲ့သည် မဟုတ်ပါလော။

ယခု အသံက ... ။

မကြာမီ သက်တံမိုးတံတားသို့ အပြေးရောက်လာသော ရွှေရေးမှုန်မှုန်းပြေးသော အဖြူရောင် ဝတ်ရုံနှင့် နတ်ဘုရားတစ်ပါး၏ ပုံရိပ်ကို တွေ့လိုက်ရချေပြီ။

ကောင်းကင်ဘုံမှ အိပ်မက်လောကကို ရောက်ရှိသွားသလို ခံစားရအောင် အိပ်မက်ဆန်စွာ လှပသော အိပ်မက်နတ်ဘုရားလေးပါပေ။ သူကား အစွမ်းတန်ခိုးတို့ကို ထုတ်ယူသုံးစွဲခြင်း အလျဥ်းမရှိသည့်တိုင် သူ၏ ဖြစ်တည်မှုကိုယ်၌က အိပ်မက်ဆန်နေသည် မဟုတ်ပါလား။

လှပ​သေသပ်စွာ ထုံးနှောင်ထားသော ငွေဖြူရောင် ဆံနွယ်များပေါ်က ခေါင်းဆောင်မှ ပုလဲသီကြိုးလေးများ တွဲလျားကျနေသည့်တိုင် သူ၏ ချောမောသော မျက်နှာမှာ အနည်းငယ်မျှပင် ကွယ်မသွားသလိုရှိကာ ထိုသည်ကိုက ပို၍ ချောမောနေသယောင်ရှိသည်။

"ဝတ် ရုံ က ... မ ဖြစ် နိုင် တာ ''

"အဲ့ ... အဲ့ဒါ ... တကယ်ကြီးလား''

"ရွှေပိုးမျှင် ဝတ်ရုံလွှာလား''

အကုန်လုံးမှာ နတ်ဘုရားလေး၏ ချောမောမှုအောက်၌ အံ့သြတကြီး ဖြစ်နေရာမှ မြင်တွေ့လိုက်ရသော ဝတ်ရုံကြောင့် မင်သက်ပါသွားသည်။

ဇာမဏီနတ်ဘုရားက ရွှေပိုးမျှင် သန်းပေါင်းများစွာ ရအောင် စွမ်းဆောင်နိုင်ခဲ့သည် မဟုတ်ပါလော။

Legendary Phoenix [Complete]Where stories live. Discover now