Chapter 57

28.6K 4.6K 199
                                    

Unicode

ဟွားဝူချင်သည် အဘွားအို၏ အိမ်တံခါးကို ခေါက်လိုက်သည်။
"ဒေါက်...ဒေါက်''

မကြာမီပင် ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်က လာဖွင့်ပေးလေသည်။

ဟွားဝူချင်က ထိုကလေးကို မှတ်မိချေသည်။ မိစ္ဆာများလက်မှ သူ ကပ်သီးလေး ကယ်တင်နိုင်ခဲ့သော လူငယ်လေး ဖြစ်သည်။

လူငယ်လေးကမူ ထိုစဥ်က မိစ္ဆာတို့ကြား သွေးပျက်ကာကြောက်ရွံ့နေသည့်အတွက် ဟွားဝူချင်ကို မှတ်မိဟန်မတူပေ။

"ဒီကအစ်ကိုတို့က ဘယ်သူနဲ့လဲတွေ့ချင်လို့လဲ''
လူငယ်လေးက အဖြူရောင်ဝတ်ရုံဝတ် နှင့် လွန်စွာချောမောခန့်ညားသော အနီရောင်ဝတ်ရုံဝတ်လူတို့ကို စူးစမ်းဟန်ဖြင့် မေးလိုက်သည်။

"အဘွားကို လက်ဆောင်လေးပေးစရာရှိလို့ပါ''

လူငယ်လေးက ထိုသူတို့သည် သူ၏အဘွား အသိအကျွမ်းများဖြစ်ကြောင်း သိသည်နှင့် တံခါးကို လျင်မြန်စွာဖွင့်ပေးသည်။

"ဝင်ခဲ့ပါ အစ်ကို...အဘွားနောက်မှာ ထမင်းချက်ဖို့ ပြင်နေလို့ပါ''

လူငယ်လေးက တံခါးဖွင့်​ပေး လိုက်သည်နှင့် ဟွားဝူချင်က အထဲသို့ ဝင်လာလေသည်။ ဖုန်ဟွေ့သည်လည်း နောက်ကပ်လျက်လိုက်လာခဲ့သည်။

"အစ်ကိုတို့...ထိုင်ပါဦး''
လူငယ်လေးက သူတို့ကို အခန်းထဲ၌ ရှိသည့် တစ်ခုတည်းသော စားပွဲဆီ သူတို့ကို ခေါ်သွားသည်။ သိမ်းထားပုံရသော ခုံတို့ကို ထုတ်ပေးကာ သူတို့ကို ထိုင်စေသည်။

ဟွားဝူချင်သည် လူငယ်လေးနေရာချပေးသော ခုံပေါ်ထိုင်လိုက်လေသည်။ ဖုန်ဟွေ့သည်လည်း သူ၏ ဘေး၌ နေရာယူလိုက်ချေသည်။

အဘွား၏ အိမ်မှာ ဟွားဝူချင်ယခင်တစ်ခါက ရောက်ဖူးသလို ခပ်ကျဥ်းကျဥ်းနှင့် အရောင်မှိန်နေသော ပရိဘောဂတို့သာ ရှိလေသည်။ သို့သော် အခန်း၏ လေထုသည် ယခင်အခါကလို ဝမ်းနည်းဖွယ်တို့ ပြည့်မနေဘဲ ရွှင်လန်းတက်ကြွခြင်းသာ ရှိနေလေသည်။ သူမချစ်သော မြေးလေးကို ပြန်တွေ့သောကြောင့် အဘွားအိုသည်လည်း စိတ်ပျော်ရွှင်နေပုံရသည်ဟု ဟွားဝူချင် ကောက်ချက်ချမိသည်။

Legendary Phoenix [Complete]Where stories live. Discover now