Chapter 54.5

44K 4.9K 788
                                    

Unicode

(Rated Chapter ဖြစ်သောကြောင့် အသက်ဆယ့်ရှစ်နှစ်အောက်ကလေးသူငယ်များ ဖတ်ရှုရန်မသင့်တော်ပါ❌)

ရုတ်တရက်ရောက်လာသော ဖုန်ဟွေ့ကြောင့် ဟွားဝူချင် ရှက်ရွံ့သွားလေသည်။ သူ၏ ခန္ဓာကိုယ်၌ ပါးလှပ်လှပ် ဝတ်ရုံသာ ဖရိုဖရဲအနေအထားနှင့် ကျန်ရှိနေလေတော့သည်။
"ဖုန်ဟွေ့!''

ဖုန်ဟွေ့က ရီဝေဝေစူးရှသောအကြည့်တို့ကို ဟွားဝူချင်၏ တစ်ကိုယ်လုံးဆီ ပို့လွှတ်ပြီး နီးကပ်အောင်တိုးလာသည်။

"မင်း ဘာလို့လိုက်လာတာလဲ...ငါ..ငါက''
ဟွားဝူချင် ရှက်ရွံ့မှုကြောင့် နားရွက်ဖျားလေး နီနေချေသည်။

ဖုန်ဟွေ့သည် သူ၏ ရှေ့က လျော့ရဲရဲဝတ်ရုံဖြူအောက်က ရုန်းကြွနေသည့် အလှတရားတို့၏ ဆွဲဆောင်မှုအောက်၌ ကျရှုံးသွားလေသည်။ လိပ်ပြာ၏ တောင်ပံများလို ကောက်ကြောင်း အထင်အရှားရှိနေသည့် ပခုံးညှပ်ရိုး၌ သူသည် နီရဲရဲအကွက်များဖန်တီးပစ်ရန် အချိန်မစောင့်နိူင်တော့ချေ။

ထို့ကြောင့် သူ၏ လက်တို့က နောက်ဆုံးဝတ်ရုံလွှာလေး၏ ခါးစည်းပေါ်ရောက်သွားသည်။ ညင်သာစွာဖြင့် ဝတ်ရုံခါးစည်းကြိုးကို လျော့သွားအောင် ဆွဲချလိုက်သည်။

တောက်လောင်နေသော ရာဂမီးတို့က အိပ်မက်လေး၏ ဝတ်ရုံကိုဆွဲဖြဲပြီး ဝိညာဉ်ချင်းပေါင်းစပ်သွားသည်ထိ ချစ်ခြင်းကိုဋီကာဖွင့်ရန် စေ့ဆော်နေသော်လည်း သူ၏ အရှေ့၌ ယုန်လေးတစ်ကောင်လို ဖြူစင်၍ အသည်းငယ်သော အိပ်မက်လေးကို လန့်မသွားစေချင်ပါ။

"ဖုန်ဟွေ့!''
ဟွားဝူချင်က သူ၏ ခါးကို ငုံ့ကြည့်ကာ အလန့်တကြား အော်လေသည်။ ဖုန်ဟွေ့က သူ၏ ဝတ်ရုံကို ချွတ်ရန်ကြိုးပမ်းနေသည်လား။
"မင်း...မင်း...ဘာလုပ်မလို့လဲ''

ဟွားဝူချင်က ဦးခေါင်းကိုမော့ကာ သူ့ကိုငုံ့မိုးကြည့်နေသော ဇာမဏီကြီး၏ စူးရဲရဲအကြည့်တို့ကို ရင်ဆိုင်ကာ မေးလိုက်သည်။

ဇာမဏီကြီး၏ တိုးညင်းသော်လည်း အက်ရှနေသည့် အသံက ရုတ်ချည်းထွက်ပေါ်လာလေသည်။
"ချစ်...မ...လို့''

ဖုန်ဟွေ့က ဟွားဝူချင်၏ ခါးစည်းကြိုးကို လွတ်လွတ်ကျွတ်ကျွတ်ဖြည်ချနိုင်လိုက်လေသည်။

Legendary Phoenix [Complete]Where stories live. Discover now