Chapter 78

19.3K 3.5K 104
                                    

Unicode

ကျိုးဖုန်းမြို့၏ အရှေ့ဘက်တွင် ဟွားဝူချင်သည် လူငယ်လေး၏ ကူညီမှုဖြင့် အိပ်မက်ဆိုးပြုစားခြင်းခံထားရသော လူများဆီသို့ သွားရောက်နိုင်ခဲ့လေသည်။လူနာတို့၏ အခြေအနေမှာ များစွာပြင်းထန်ခြင်း မရှိသော်လည်း ခန္ဓာကိုယ်တွင်း၌ ဝိညာဥ်ရှိမနေတော့သောကြောင့် အိပ်ရာထဲတွင် ဘုန်းဘုန်းလဲကာ သတိမေ့နေကြသည်။

ဟွားဝူချင်သည် ထိုလူနာများ၏ ပြင်ပခန္ဓာကိုယ် အာဟာရပြတ်တောက်မသွားစေရန် ဆေးဝါးဓာတ်စာများ မှီဝဲရန်ကို လူနာရှင်များအား မှာကြားလေသည်။ ဝိညာဥ်ကို ပြန်လည်ခေါ်ယူနိုင်မည့် နည်းလမ်းရှာမတွေ့မချင်း ပြင်ပခန္ဓာကိုယ်က အားအင်ပြတ်တောက်မသွားစေရန် အရေးကြီးသောကြောင့် ဖြစ်သည်။

အချို့မှာ ဆေးဝါးဓာတ်စာကိုပင် မဝယ်ယူနိုင်ကြပေရာ ဟွားဝူချင်သည် သူယူလာခဲ့သော ရွှေစေငွေစများကို ပေးကမ်းခဲ့ရ​ေ သည်။ သူသည် လူငယ်လေးဆီက ခြင်းတောင်းနှင့်အပြည့် ဆေးပင်များကို ဝယ်ထားပြီး ထိုအထဲမှ အသုံးဝင်သည်တို့ကို လူနားများအား ပေးကမ်းခဲ့ချေသည်။

ထိုကဲ့သို့ လူငယ်လေးနှင့် ဟွားဝူချင် တစ်အိမ်တက်တစ်အိမ်ဆင်းသွားသည်မှာ ညနေစောင်းသို့ပင် ရောက်လုပြီဖြစ်သည်။ ဟွားဝူချင်က ကိစ္စမရှိသော်လည်း သာမန်လူသားဖြစ်သော ကောင်လေးကား ပင်ပန်းနွမ်းနယ်နေချေသည်။ ထို့ကြောင့် သူဆက်မသွားဘဲ နားလိုက်ရန် ဆုံးဖြတ်လိုက်သည်။

"ဒီနေ့ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီမှာ မင်းအတွက် အဖိုးအခ''

ဟွားဝူချင်က လူငယ်လေးထံသို့ အိတ်အရှုံ့လေးတစ်အိတ် ထိုးပေးလိုက်သည်။ ထိုအိတ်ထဲ၌ ငွေစအမြောက်အများပါမည်ကား အသေအချာပင် ဖြစ်သည်။

လူငယ်လေးသည် ငွေစများကို မြင်သည့်အခါ သူ၏မျက်လုံးများ အရောင်လက်သွားချေသည်။ သူ သည်နေ့နည်းနည်းပင်ပန်းသော်လည်း ခါတိုင်းဝင်ငွေထက် အဆနှစ်ဆယ်လောက်ကို ရရှိလိုက်လေသည်။

"ကျေးဇူးပါ...ဆေးဆရာလေး''

လူငယ်လေးက ဟွားဝူချင်ဆီက အိတ်အရှုံ့လေးကိုယူပြီး သူ၏ ရင်ဘတ်ဝတ်ရုံအောက်၌ သေသေချာချာ သိမ်းထားလိုက်လေသည်။ ထို့နောက်သူက တစ်လက်စတည်း ပြောလိုက်သည်။

Legendary Phoenix [Complete]Where stories live. Discover now