Chapter - 14

35.8K 5.5K 465
                                    

Zawgyi

ဖုန်ဟွေ့က ဟွားဝူချင်၏ ပါးကို ထိထိမိမိကြီးနမ်းလိုက်ခြင်း မဟုတ်ပေ။ သူက မထိတထိဖြင့် နမ်းသည်ဆိုရုံလေး ထိသွားခြင်း ဖြစ်သည်။

အမှန်တကယ်က ဖုန်ဟွေ့ဘက်သို့ မပြောမဆို လှည့်သူမှာ မိမိကိုယ်တိုင် ဖြစ်သောကြောင့် ဟွားဝူချင်မှာ ဖုန်ဟွေ့ကို ရန်မတွေ့နိုင်။

ဖုန်ဟွေ့ သူ့ဆီက ခိုးယူသွားသော အနမ်းပွင့်လေးအတွက် သူ၏ ပါးတွင် အနီရောင်အရိပ်များ သန်းနေချေသည်။

"မင်...မင်း!''

သူသတိပြန်ဝင်လာချိန်မှ ဖုန်ဟွေ့ကို မကျေနပ်စကားဆိုရန် အမှတ်ရသည်။

"ကိုယ်တမင်လုပ်တာမဟုတ်ပါဘူး။ ဝူချင်က ဒီဘက်လှည့်လာတာနဲ့ ထိမိသွားတာ''
ဖုန်ဟွေ့က တောင်းပန်သည်။

အပေါ်ယံကြည့်ပါက ဖုန်ဟွေ့သည် ရိုးသားဖြူစင်စွာ တောင်းပန်နေသည်ဟု ထင်ရသည်။ သို့သော် အမှန်တကယ်တွင် ဖုန်ဟွေ့၏ မျက်လုံးများသည် တစ်စုံတစ်ရာကို ကျေနပ်နေသယောင် ရွှင်မြူးရိပ်များ သန်းနေပြီး သူ၏နှုတ်ခမ်းတို့က သွားစွယ်ချွန်ချွန်လေးကို မဖုံးနိုင်မဖိနိုင် ပြုံးနေလေသည်။

မင်းတမင်လုပ်တာ ငါသိတယ်...
ဟွားဝူချင်သည် ရင်တွင်းမှ ကျယ်လောင်စွာ အော်ဟစ်နေမိတော့သည်။

ကောင်းကင်ဘုံတွင် နူးညံ့သိမ်မွေ့စွာ နေခဲ့သော အိပ်မက်မတ်ဘုရားလေးမှာ သူ၏ ရှေ့က ပြသာနာအိုး ဖုန်ဟွေ့ကြောင့် အမျက်ချောင်းချောင်းထွက်နေချေတော့သည်။

ဟွားဝူချင်က သူ့တွင် ဖုန်ဟွေ့တမင်လုပ်ကြောင်း လက်ဆုပ်လက်ကိုင်ပြစရာ မရှိသည့်အတွက် ဒေါသကို ထိန်းလိုက်ရသည်။

သူဖုန်ဟွေ့ကို စိတ်တိုသည်က အမှန်ပင်။

အိပ်မက်နတ်ဘုရား၏ ချောမောသောမျက်နှာထက်က စိမ်းညို့ရောင် သန်းနေသော မျက်ခုံးတစ်စုံ တွန့်ချိုးသွားသည်ကို မြင်ကတည်းက ဖုန်ဟွေ့မှာ ပြာပြာသလဲ ဖြစ်သွားချေသည်။ သူ့ကိုမကြည့်ပဲ တစ်ဖက်လှည့်သွားသော ဟွားဝူချင်ကို ကြည့်ကာ ဖုန်ဟွေ့က တိုးလျှိုးတောင်းပန်လေသည်။

Legendary Phoenix [Complete]Where stories live. Discover now