Chapter 53

30.6K 5.1K 276
                                    

Unicode

ဖုန်ဟွေ့သည် မဟူရာနန်းဆောင်၏ တံခါးကို မတိုးမကျယ် ခေါက်လိုက်သည်။ နန်းဆောင်တံခါးပွင့်လာသောအခါ ဟွားဝူချင်က ဖုန်ဟွေ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"မင်းဘယ်လိုလုပ်တန်းလိုက်လာတာလဲ''
ဟွားဝူချင်က ဖုန်ဟွေ့အတွက် တံခါးဖွင့်ပေးရင်း မေးလိုက်သည်။

"ဒီမှာနေမလို့''
ဖုန်ဟွေ့က နန်းဆောင်ထဲသို့် လှမ်းဝင်ပြီး ပြောသည်။

"ဒီမှာ?''
ဟွားဝူချင်က နားမလည်စွာ ဖြစ်သွားသည်။ သူက ဖုန်ဟွေ့ကို ကောင်းကင်ဘုံ၏ အာရုံစိုက်မှုမခံချင်ဟု သေချာမှာလိုက်သည်လေ။

ဟွားဝူချင်၏ မျက်နှာအရိပ်အကဲကို ဖုန်ဟွေ့ကနားလည်စွာ ရှင်းပြသည်။
"ကိုယ် ဧကရာဇ်ဆီက ခွင့်တောင်းပြီးသား..ဒီမှာတစ်လနေမှာလို့...အခြားနတ်ဘုရားတွေကိုလည်း ဧကရာဇ်က ကြည့်ပြောပေးလိမ့်မယ်''

"တစ်လ?''
ဟွားဝူချင်က ပါးစပ်အဟောင်းသာဖြင့် ပြန်မေးသည်။

"အင်း...ကိုယ်ယပ်တောင်ကိုထိန်းချုပ်နိုင်အောင် လေ့ကျင့်ရဦးမယ်လေ''
ဖုန်ဟွေ့က ထိုအရာကသာ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်ဟန်ဖြင့် ရှင်းပြသည်။ ဇာမဏီကြီးကားအပြစ်ကင်းစင်လှလေသည်။

ဇာမဏီကြီး၏ အပြစ်ကင်းစင်မှုကို မည်သည့်အခါမှ မေးခွန်းမထုတ်ဖူးသော ဟွားဝူချင်ကား ခေါင်းသာငြိမ့်ပြသည်။ သူ၏ မျက်နှာတွင် အနည်းငယ် စိတ်ရှုပ်ထွေးနေသော အမူအရာများတော့ ရှိနေလေသည်။

"ဘာလို့လဲ ကိုယ်လာတာ မကြိုက်ဘူးလား''
ဖုန်ဟွေ့က ဟွားဝူချင်၏ ငုံ့သွားသော မေးဖျားကို လက်ဖြင့် အသာပင့်၍ မေးလေသည်။

"မဟုတ်ဘူး...ငါကမင်းရဲ့လေ့ကျင့်မှုကို အထောက်အကူမဖြစ်မှာပဲ စိုးတာ...မင်းနဲ့ယှဉ်တိုက်နိုင်ရအောင်ထိ ငါက စွမ်းအားမကြီးဘူး''
ဟွားဝူချင်က ဖုန်ဟွေ့ကို မော့ကြည့်ကာ ပြောသည်။ ထိုအရာက သူစိတ်ပူနေသောအရာပင်ဖြစ်သည်။ သူသည် ဖုန်ဟွေ့အတွက် အလကားအချိန်ကုန်နေမည့် အဖြစ်ကို မလိုလားပေ။

"ကိစ္စမရှိပါဘူး...ကိုယ်နည်းလမ်းရှာပါ့မယ်''
ဖုန်ဟွေ့က ဟွားဝူချင်၏ ပခုံးကို ဖျစ်ညှစ်ကာ ကတိပေးလေသည်။ သူကိုယ်တိုင်လည်း ထိုယပ်တောင်ဆီက အစွမ်းသတ္တိအပြည့်ထွက်ပေါ်လာစေရန် မိုးနတ်သားထက်စွမ်းအားကြီးသော ယှဉ်ပြိုင်ဖက်လိုအပ်ကြောင်း သိလေသည်။

Legendary Phoenix [Complete]Where stories live. Discover now