Chapter 82

18.1K 3.4K 86
                                    

Unicode

ဝမ်စံအိမ်တော်ရှိ ကလေးငယ်၏ နံဘေး၌ စောင့်ကြပ်နေသော မိုးနတ်သားကို အကြောင်းကြားကာ နေနတ်သားသည် ကောင်းကင်ဘုံသို့ ပြန်လာခဲ့သည်။ သူသည် ကျိုးဖုန်းမြို့တွင် ကြုံတွေခဲ့ရသမျှ ဖြစ်ကြောင်းကုန်စင်ကို ကောင်းကင်ဘုံသို့ အကြောင်းကြားရန် ကြံရွယ်ထားလေသည်။

"ဇာမဏီနတ်ဘုရား!''

ကောင်းကင်ဘုံ အဝင်နယ်နမိတ်အစပ်၌ ရုတ်တရက် တွေ့လိုက်ရသော ဇာမဏီနတ်ဘုရားကို နေနတ်သားက အံ့အားသင့်စွာ ခေါ်လိုက်သည်။

သူသိထားသလောက် ဖုန်ဟွေ့က လောကသုံးပါးအကြီးအကဲစည်းဝေးပွဲတွင် ရှိနေသင့်သည် မဟုတ်ပါလော။

ဖုန်ဟွေ့သည်လည်း နေနတ်သားကို တွေ့သည့်အခါ ခြေလှမ်းတို့ တုံ့သွားသည်။ သူသည် ကောင်းကင်ဘုံဧကရာဇ်က နေနတ်သားနှင့်မိုးနတ်သားကို ဟွားဝူချင်နှင့် အတူ အဲ့မုန့်ကျီးရှန်း၏ အရေးကိုင်တွယ်ရန် တာဝန်ပေးထားကြောင်း သိလေသည်။

"ဝူချင်ရော...''

ဖုန်ဟွေ့က နေနတ်သားအမေးကို ပြန်မ​ဖြေဘဲ အမေးဖြင့်သာ တုံ့ပြန်သည်။

"အိပ်မက်နတ်ဘုရားကျန်ခဲ့တယ်''

"ဘာ...''

ဖုန်ဟွေ့၏ အသံက မိုးခြိမ်းသံလို ကျယ်လောင်သွားပေသည်။ နေနတ်သားက သူ့ထက်အသက်အရွယ်ကြီးသူ ဖြစ်လင့်ကစား ယခုအချိန်၌ ဖုန်ဟွေ့ အရိုအသေမပေးနိုင်သေးချေ။

"အရှင်...ဘာပြောလိုက်တယ်။ ဝူချင်က...''

နေနတ်သားသည် ဖုန်ဟွေ့၏ ခက်ထန်သော အမူအရာကြောင့် သူဆက်ပြောရမည်ကိုပင် တုံ့ဆိုင်းထားသည်။ မျက်စိနှစ်မှိတ်ခန့်အကြာမှ နေနတ်သားဆီက စကားသံထွက်ပေါ်လာသည်။

"အိပ်မက်နတ်ဘုရားက လွှတ်လိုက်တာပါ။ ကောင်းကင်ဘုံကို အကြောင်းကြားဖို့...''

ထိုမှစ၍ နေနတ်သားသည် ၎င်းတို့ကျိုးဖုန်းမြို့တွင် ကြုံတွေ့ခဲ့ရသည်တို့ကို အကျဥ်းရုံး ရှင်းပြသည်။ အရေးကြီးသော အိပ်မက်ဗဟိုချက် အကြောင်း ကိုလည်း ချန်မထားခဲ့ချေ။

ဖုန်ဟွေ့က နေနတ်သား၏ စကားကို ပို၍နားထောင်လေ အမူအရာပျက်ယွင်းလာလေဖြစ်သည်။

Legendary Phoenix [Complete]Where stories live. Discover now