Chapter 26

32.2K 5K 243
                                    

Unicode

နောက်တစ်ရက်တွင် ဖုန်ဟွေ့သည် ယမန်နေ့ကနည်းတူ ဟွားဝူချင်၏ နန်းဆောင်သို့ ရောက်သွားပြန်လေသည်။ ဟွားဝူချင်က သူ၏ နန်းဆောင် တံခါးမကို လာခေါက်သူမှာ နတ်သူငယ်အသွင်ဆောင်ထားသော ဖုန်ဟွေ့ဖြစ်ကြောင်း သိလေသည်။

သူဖွင့်ပေးသင့်မသင့် တွေဝေနေလေသည်။

"ဝူချင်...''

ဖုန်ဟွေ့က ဟွားဝူချင်နန်းဆောင်ထဲမှ ကြားနိုင်မည်ကို သိသောကြောင့် ဟွားဝူချင်ကို ခေါ်လိုက်သည်။

"မင်းတကယ်ပဲလုပ်စရာမရှိဘူးလား...???''

နန်းဆောင်တွင်းမှ ဟွားဝူချင်၏ အသံကလွင့်ပျံ့လာသည်။

"မရှိဘူး...ဘာမှ''

မေးမိသည့်မိမိကိုယ်ကိုသာ ဟွားဝူချင် အပြစ်တင်လိုက်သည်။ ကောင်းကင်ဘုံတွင် ဖုန်ဟွေ့လောက် အားလပ်နေသည်က ဖုန်ဟွေ့သာ ရှိလေသည်။

"ကိုယ် ဒီမှာ တစ်ပတ်လုံးရပ်နေလို့ရတယ်နော်...''

သူတကယ်လည်း ရပ်ခဲ့ဖူးချေသည်။ အကြောင်းရင်း မယ်မယ်ရရမရှိပဲ ဟွားဝူချင်ကို မြင်ဖူးချင်ရုံသပ်သပ်ဖြင့် မဟူရာကျောက်များ၏ စွမ်းအင် စုပ်ယူမှုကို ခံကာ တစ်ပတ်တိတိ နေခဲ့ဖူးလေသည်။ ရလဒ်ကတော့ ထိုက်တန်ပါသည်။ ဟွားဝူချင်ကို မြင်တွေ့ခွင့်ရလိုက်ပြီး အလှပဆုံးသော အိပ်မက်များ မက်ခွင့်ရလိုက်သည်။

"မင်းက ခြိမ်းခြောက်နေတာလား???''

ဟွားဝူချင်၏ အသံကပုံမှန်ထက် အေးစက်သွားသည်ဟု ဖုန်ဟွေ့ခံစားလိုက်ရသည်။

"ဟမ်း...''

ဖုန်ဟွေ့ပြန်ဖြေရန်ရှိသေး နန်းဆောင်တံခါးမကြီးပွင့်သွားချေသည်။ တစ်စုံတစ်ရာထူးဆန်းနေကြောင်း ခံစားမိသော်လည်း ဖုန်ဟွေ့ နန်းဆောင်ထဲသို့ လှမ်းဝင်သွားသည်။

ဖုန်ဟွေ့သည် ဟွားဝူချင်၏ အိပ်ဆောင်ထိသွားစရာမလိုလိုက်ပေ။ ဧည့်ခန်းမဆောင်တွင် ဟွားဝူချင်က ထိုင်ကာ စောင့်နေသည်။ တင်ပျဉ်ခွေကာ အနောက်သို့လှည့်နေသောကြောင့် ဟွားဝူချင်၏ ရုပ်သွင်ကို သူမမြင်ရချေ။

Legendary Phoenix [Complete]Where stories live. Discover now