Chapter 32

30.1K 5.3K 225
                                    

Unicode

(အားလုံးရဲ့အားရှိစေတဲ့cmtလေးတွေအတွက်ကျေးဇူးပါ အားတွေချက်ချင်းပြည့်လာတာပဲကြည့်...အတတ်နိုင်ဆုံး typing ရိုက်ရတာလျှော့ချချင်လို့ replyမပြန်နိုင်ခဲ့ဘူး...နားလည်ပေးမယ်လို့ယုံကြည်ပါတယ်။ တစ်ခုမကျန်ဖတ်ပါတယ်နော်)

ဟွားဝူချင်နှင့် နဂါးမင်းလောင်ဟွမ်၏ သူလျှိုအဖွဲ့မှ ခေါင်းဆောင်တို့သည် မိစ္ဆာအသွင်သို့ ပြောင်းကာ လူသားများကို ဖမ်းဆီးထားသည့် လိုဏ်ဂူဆီသို့ ဦးတည်လာခဲ့သည်။

လိုဏ်ဂူဝတွင် စောင့်ကြပ်နေသော မိစ္ဆာများရှိပြီး ဟွားဝူချင်တို့ကို တွေ့သောအခါ ဆက်လက်မသွားစေရန် တားမြစ်လေသည်။

"ဘယ်ကလဲ...''

၎င်းတို့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် လူက မေးလေသည်။

"အနီရောင်ပင်လယ်အော်က ရေမိစ္ဆာတွေပါ၊ သခင်မယဲ့မိန်ဆီကို ပူပေါင်းဖို့လာတာ''

ဟွားဝူချင်က သူတို့လမ်းတွင် တိုင်ပင်ထားသည့်အတိုင်း ဖြေလေသည်။

အစောင့်မိစ္ဆာများ ခေတ္တတွေဝေသွားသည်။ အတန်ကြာမှ ၎င်းတို့ထဲက တစ်ယောက်က အသံထွက်လာသည်။

"ရေမိစ္ဆာတွေက နဂါးမင်းလောင်ဟွမ်ဖမ်းသွားပြီမလား...''

"အကုန်တော့မဟုတ်ဘူး၊ အခုငါတို့နောက်ကို နဂါးမင်းရဲ့ လူတွေ လိုက်ဖမ်းနေလို့ အသက်လုပြေးလာရတာ''

ဟွားဝူချင်မဖြေရဘဲ နဂါးမင်း၏သူလျှိုက ဖြေလိုက်သည်။ ဤသည်က လမ်းကြောင်းလွှဲပြီး သွားသည့် အုပ်စုအတွက်ပါ ထည့်ဖြေလိုက်ခြင်း ဖြစ်သည်။ မိစ္ဆာဂူသို့ လူသားများကို ကယ်တင်ရန်လာသည်ဟု ထင်မှတ်သွားမည်မဟုတ်ပဲ ၎င်းတို့နောက်သို့ လိုက်နေသည်ဟု ထင်စေရန်ဖြစ်သည်။

အစောင့်မိစ္ဆာက ၎င်းတို့နှစ်ယောက်ကို အကဲခတ်သလို ကြည့်လိုက်သည်။ လူသားများအသွင်ယူထားသော်လည်း လှိုင်လှိုင်ထွက်နေသည့် မိစ္ဆာအငွေ့အသက်တို့က ၎င်းတို့ စကားမမှားကြောင်း သက်သေခံနေသည်။ သခင်မယဲ့မိန်ထံကလည်း ၎င်းထံလာရောက်ပူပေါင်းသော မိစ္ဆာများကို လက်ခံကြောင်း အတိအလင်းပြောထားပြီး ဖြစ်သည်။ သို့ကြောင့် သူက ထပ်ပြီး တုံ့ဆိုင်းမနေဘဲ အတားအဆီးတို့ကိုဖယ်ရှားပေးလိုက်သည်။

Legendary Phoenix [Complete]Where stories live. Discover now