Chapter 76

20.2K 3.7K 132
                                    

Unicode

လောကသုံးပါးအကြီးအကဲစည်းဝေးပွဲသည် ဆက်လက်ကျင်းပနေရပြီး ယခုတစ်ကြိမ်၌ ယမမင်းယန်ဝမ်၏ ပိုင်နက်အရေးအရာနှင့် ပတ်သက်၍ အဓိကဆွေးနွေးနေချေသည်။

ယန်ဝမ်သည်မြေအောက်လောကကိုပိုင်စိုးပြီး ယဲ့မိန်သည်လည်း မိစ္ဆာလောကကို ပိုင်စိုးသည့်အတွက် ၎င်းတို့နှစ်ယောက်ကြား အချင်းဖြစ်ပွားဖွယ် ကိစ္စများ ရှိနေချေသည်။

ဥပမာဆိုရသော် ယဲ့မိန်သည် လူသားများမသေဆုံးမီ သူမထံသို့ တိုင်တည်ဆုတောင်းလျှင် ထိုဆုတောင်းသည့်အရာကို ဖြည့်ဆည်းပေးပြီး အလဲအလှယ်အနေဖြင့် ထိုလူသားထံမှ သက်တမ်းကို နှုတ်ယူလေ့ရှိချေသည်။ လူ့ပြည်၌ သက်တမ်းရှစ်ဆယ်နေရမည့်လူတစ်ယောက်သည် ချမ်းသာချင်ကြောင်းဆုတောင်းလျှင် ယဲ့မိန်က ဖြည့်ဆည်းပေးမည်ဖြစ်ပြီး အလဲအလှယ်အနေဖြင့် သူမက ထိုလူထံမှ သက်တမ်းဆယ်နှစ်ခန့်ကို နှုတ်ယူလိုက်ချေမည်။

ပြသနာကား ယမမင်းသည် လူသားတို့၏ သေဆုံးခြင်းကို ဆောင်ကြဥ်းပေးရသူ ဖြစ်ရာ ယန်ဝမ်ကသူမရဏပြည်သို့ ခေါ်ဆောင်ရမည့်သူထံ သွားချိန်၌ ထိုလူက ယဲ့မိန်လက်ချက်ဖြင့် အချိန်မတိုင်ခင် သေဆုံးပြီး ဖြစ်နေပြီ ဖြစ်သည်။ လူသားကိုယ်တိုင်သဘောတူထားသည့် အလဲအလှယ်ဖြစ်၍ အပြစ်မဆိုသာသော်လည်း ယဲ့မိန်သည် သူမ ဖမ်းထားသည့် ဝိညာဥ်များကို အချိန်မီပြန်လွှတ်ပေးလေ့မရှိချေ။

မရဏတိုင်းပြည်သို့အချိန်မီရောက်ရမည့် ဝိညာဥ်ကရောက်မလာလျှင် ယမမင်းယန်ဝမ်အတွက် ထိုလူနောက်ဘဝကူးရန် စီမံပေးမှု၌ အခက်တွေ့ချေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ သူသည် ယဲ့မိန်အပေါ် အမြင်မကြည်ပေ။

"ကိုယ်တော်ပြောမယ်...သေမင်းတမန်မိစ္ဆာမက ဝိညာဥ်တွေကို နောက်တစ်ကြိမ်မှာ ထပ်ပြီး အချိန်မီပြန်လွှတ်မပေးရင် မိစ္ဆာလောကနဲ့ မြေအောက်လောကကြား ပြသနာအကြီးကြီးတက်ပြီလို့ အောက်မေ့လိုက်ပါ''

ယမမင်းယန်ဝမ်သည်လည်း ဒေါသကုမ္မာန်ဘွဲ့ထူးရှင်ဖြစ်ပေရာ ကိစ္စကို ရှည်ရှည်ဝေးဝေးမပြောဘဲ လိုရင်းသာ ပြောလိုက်သည်။

Legendary Phoenix [Complete]Where stories live. Discover now