Chapter 64

29.8K 4.4K 458
                                    

Unicode

"ဖုန်ဟွေ့!''
ဟွားဝူချင်၏ မသိမသာ ခက်ထန်နေသော လေသံကြောင့် ဖုန်ဟွေ့တစ်ယောက် ကိုယ်ကိုရွံ့သွားချေလေသည်။

ဖုန်ဟွေ့သည် ဟွားဝူချင်ကို အိပ်မက်ဆိုးမက်ခဲ့စဥ်က သူကြုံတွေ့ခဲ့ရသည်များကို ပြောပြနေခြင်း ဖြစ်သည်။

ဟွားဝူချင်က အာရုံစိုက်၍ နား​​ေထာင်ရင်း တစ်နေရာအရောက်၌ မျက်မှောင်ကြုတ်သွားလေသည်။
"မင်း သူနဲ့ငါကိုတကယ်မကွဲဘူးလား?''

ဖုန်ဟွေ့သည် နူးညံ့သိမ်မွေ့သော အိပ်မက်လေးအလိုမကျဖြစ်သွားသော အရာကို သိလေသည်။

သူကအဲ့မုန့်ကျီးရှန်းနှင့်ဟွားဝူချင်ကို မကွဲမပြား ဖြစ်သွားသောကြောင့်ပင်။

"ကိုယ်ခွဲနိုင်ပါတယ်၊ ဒဏ်ရာကအရမ်းပြင်းနေတာရယ် ဝူချင်စိတ်ဆိုးပြီးထွက်သွားတာရယ်ကြောင့် ရုတ်တရက်မစဥ်းစားနိုင် ဖြစ်သွားတယ်''

ဖုန်ဟွေ့က ဟွားဝူချင်၏ ခါးကို ဖက်ကာ ပြောလိုက်သည်။

အသားလာယူသော ဇာမဏီကြီးကို ဟွားဝူချင်က ပြန်၍ မတုံ့ပြန်ပေ။ သူကား တစ်စုံတစ်ရာကို အလွန်အမင်းစဥ်းစားနေချေသည်။

ဖုန်ဟွေ့က ခါတိုင်းကဲ့သို့ပင် ဟွားဝူချင်၏ ငွေဖြူရောင်ဆံနွယ်များကို ထိုးဖွကာဆော့နေသည်။

အတန်ကြာမှ ဟွားဝူချင်က  ဖုန်ဟွေ့၏ လက်ကို ဆုပ်ကိုင်ပြီး ဟန့်တားလိုက်လေသည်။ သူ၏ ဆံနွယ်များကို ထပ်၍ မဆော့ကစားရန် တားမြစ်ခြင်း ဖြစ်သည်။

ဖုန်ဟွေ့က အံ့အားသင့်သွားဟန်ဖြင့် မျက်ခုံးပင့်ပြသည်။ သူကြည့်လိုက်သောအခါ ဟွားဝူချင်၏ နှုတ်ခမ်းက မသိမသာစူပုပ်နေချေသည်။

"ဝူချင်! ဘာလို့လဲ''

ဇာမဏီကြီးသည် သူ၏ မေးခွန်းအတွက် အကြည့်စူးရဲရဲတစ်ခု လက်ခံရရှိလိုက်ရလေသည်။

ဖုန်ဟွေ့ ဇဝေဇဝါ ဖြစ်သွားသည်။ သူသည် ဟွားဝူချင် စိတ်ခုသွားစေရန် တစ်စုံတစ်ရာအမှားကိုမှ မပြုလုပ်ခဲ့ဖူးချေ။

ဟွားဝူချင်သည် နူးညံ့သိမ်မွေ့ကာ ဖုန်ဟွေ့အပြစ်ပြုလုပ်မိလျှင်တောင် အကောင်းဘက်မှ ဖြည့်တွေးပေးလေ့ရှိသူဖြစ်သည်။ ယခုမူကား  ၎င်းသည် ဖုန်ဟွေ့အပေါ် တစ်စုံတစ်ရာ စိတ်ဆိုးနေခြင်းမှာ ထင်ရှားလေသည်။

Legendary Phoenix [Complete]Where stories live. Discover now