Chapter- 12

34.8K 5.7K 304
                                    

Zawgyi

ဖုန်ဟွေ့သည် ဟွားဝူချင်၏ လက်ကိုဆွဲကာ ပွဲဈေးတန်းသို့ကျော်ဖြတ်လာခဲ့သည်။

ဖြူလွှလွှဝတ်ရုံဖြင့် နူးညံ့သိမ်မွေ့သော အိပ်မက်နတ်ဘုရားမှာ ချောမောခန့်ညားပြီး သွက်လက်သည့် ဇာမဏီနတ်ဘုရား၏ နောက်တွင် ထပ်ကြပ်မကွာ ကပ်ပါလာရသည်။

ပွဲဈေးတန်းမှလူတို့သည် အသရေတင့်တယ်သော ထိုလူနှစ်ဦကို မငေးကြည့်ပဲ မနေနိုင်။ သမင်လည်ပြန်ပင် ငေးယူရသည်အထိ ထိုပုံရိပ်နှစ်ခုက လိုက်ဖက်လွန်းလှချေသည်။

"ဖုန်...ဟွေ့!''
ဟွားဝူချင်က သူတို့ကို လူအများဝိုင်းကြည့်နေကြောင်း ရိပ်မိသည်နှင့် ဖုန်ဟွေ့ဆွဲထားသော သူ၏ လက်ကို ရုန်းလိုက်ပြီး ခြေလှမ်းတို့ကို ရပ်တန့်လိုက်သည်။

ထိုအခါမှ ဖုန်ဟွေ့က သူသည် ဟွားဝူချင်၏ လက်ကို ပိုင်စိုးပိုင်နင်းဖြင့် ဆွဲကိုင်ထားကြောင်း သတိရမိသွားသည်။ သူက တစ်ချိန်လုံး ဟွားဝူချင်ကို သူပိုင်ဆိုင်သည်ဟု စိတ်ကူးများယဉ်နေသည့်အတွက် ဤကဲ့သို့ ဟွားဝူချင် လက်ကို အမှတ်တမဲ့ဆွဲကိုင်မိသွားခြင်း ဖြစ်သည်။

"တောင်းပန်ပါတယ် အိပ်မက်နတ်ဘုရား။''
ဖုန်ဟွေ့က ဟွားဝူချင်၏ လက်ကို အသာဖြေလျော့ပေးလိုက်ပြီး တောင်းပန်စကားဆိုသည်။

ဟွားဝူချင်၏ မျက်နှာက ဇာပုဝါကြောင့် သူ၏ မျက်နှာ အမူအရာ ကို မမြင်ရသော်လည်း ဟွားဝူချင် စိတ်မဆိုးကြောင်းကိုတော့ ဖုန်ဟွေ့သိလိုက်သည်။ ထို့ကြောင့်လည်း သူအနည်းငယ် စိတ်သက်သာရာရသွားသည်။

"ရပါတယ်...ကိစ္စမရှိပါဘူး''
ဟွားဝူချင်က ထိုစကားကို ယဉ်ကျေးမှုတစ်ရပ်အနေဖြင့် လောကွတ်စကားသာသာ ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော် မည်သူက ထင်မည်လဲ။

အနှီသူမတူသော ဇာမဏီနတ်ဘုရားက သူ၏ လက်ကို အမှန်တကယ်ပင် ပြန်ဆွဲကိုင်လိမ့်မည်ဟု...

ပထမတစ်ကြိမ်ထက် ပိုတင်းကြပ်သည့်အပြင် ဖုန်ဟွေ့၏ ရှည်လျားသော လက်ချောင်းများက ဟွားဝူချင်၏ သွယ်လျသော လက်ချောင်းလေးများကို ယှက်ကာ ဆုပ်ကိုင်ထားလေသည်။

Legendary Phoenix [Complete]Where stories live. Discover now