Chapter- 20

33.6K 5.3K 657
                                    

Unicode

ဖုန်ဟွေ့က တည်ခိုးခန်း၏ အပြင်သို့ရောက်သောအခါ အကွယ်ရသည့် သစ်ပင်တစ်ပင်ဆီသို့ ဦးတည်သွားလိုက်သည်။

ထို့နောက်သူက သူ့ကို အချက်ပြနေသော သူထံ စိတ်ချင်း ဆက်သွယ်လိုက်သည်။ သူ၏ ယပ်တောင်က ချူလုံးသည် အလကားတပ်ထားခြင်းမဟုတ်ပါ။ တစ်ဖက်က အချက်ပေးမှုကို သိရှိရန်သာ ဖြစ်သည်။

"အစ်ကိုတော် ဘဝအဆက်ဆက်တိုင်း ကျွန်တော့်ကို နှောင့်ယှက်ဖို့ ဆုတောင်းခဲ့တာလား''

ဖုန်ဟွေ့က အလိုမကျစွာဖြင့် တစ်ဖက်ကလူကို ပြောလိုက်သည်။

တစ်ဖက်ကငြိမ်နေပြီး ခဏကြာမှ အသံထွက်လာသည်။

"ချစ်လှစွာသော ညီတော်...စိတ်လက်အင်မတန်ကြည်နေတဲ့ပုံပဲ။ အစ်ကိုတော်ခံစားလို့ရတယ်''

အသံပိုင်ရှင်သည် သြဇာတိက္ကမနှင့်ပြည့်စုံသော အသံကိုပိုင်ဆိုင်ထားပြီး ၎င်း၏ အသံက တစ်ဖက်လူကို လွှမ်းမိုးနိုင်သည့် အငွေ့အသက်များပါဝင်နေသည်။

"မဖြစ်နိုင်တာမပြောစမ်းပါနဲ့...မသိရင် မွေးကတည်းက ချစ်ခင်ကြင်နာနေတဲ့ ညီအစ်ကိုတွေကျလို့''

ဖုန်ဟွေ့က နှာခေါင်းရှုံ့ပြီး ပြန်ပြောသည်။

"မင်းပဲငါ့ကို မတည့်တာ မထင်နဲ့...ငါလည်းမင်းကို မတည့်ဘူး...''

တစ်ဖက်ကအသံပိုင်ရှင်က ရုတ်ချည်းချေပသည်။

"လိုရင်းကိုပြောစမ်းပါ။ အစ်ကိုတော်က အလုပ်မရှိလို့အားနေပေမဲ့ ကျွန်တော်က ကောင်းကင်ဘုံရဲ့အရေးကြီးတာဝန်ကို ထမ်းဆောင်နေတယ်ဗျ''

ဖုန်ဟွေ့သည် သူအချိန်ရှိတိုင်း ဟွားဝူချင်၏ အနားသို့ကပ်ကာ ဟွားဝူချင်ဆီက အာရုံစိုက်ခံရအောင်လုပ်နေသည်ကို ကောင်းကင်ဘုံကချမှတ်ထားသည့် တာဝန်ကြီးဟုသတ်မှတ်သည်လားမပြောတတ်။

"မင်းဘယ်တုန်းက ကျင်းထောင်ကိုကြောက်သွားရတာလဲ။ တစ်ယာက်ယောက်ကမေးရင် ငါ့ရဲ့ညီတော်လို့ မပြောနဲ့''

"အစ်ကိုတော်နဲ့ ကျွန်တော်သွေးသားတော်စပ်မှန်းလည်း ဘယ်သူမှမသိပါဘူး။ ပြောရင်လည်း ယုံကြမှာမဟုတ်ဘူး။ ကျွန်တော်က ဒီလောက်ချောတာ''

Legendary Phoenix [Complete]Where stories live. Discover now