Chapter 74

22.8K 3.7K 169
                                    

Unicode

အတားအဆီးများဝန်းရံပြီးသည့်နောက်တွင် ခန်းမဆောင်အတွင်း၌ လောကသုံးပါးကို ကိုယ်စားပြုသည့် အကြီးအကဲများစုံလင်စွာရောက်ရှိနေကြပြီဖြစ်သည်။

လူ့လောက၊ မိစ္ဆာလောက၊ မြေအောက်လောက ဟူ၍ပိုင်းခြားထားရာ လူ့လောကကို စောင့်ရှောက်သူ အကြီးအကဲမှာ နှစ်ယောက်ရှိချေသည်။မြေနယ်နမိတ်များအတွင်းရှိ လူသားများကို ကောင်းကင်ဘုံဧကရာဇ် ကျင်းထောင်က စောင့်ရှောက်ပြီး ပင်လယ်ရေပိုင်နက်များကိုမူကား တောင်ပင်လယ်နဂါးမင်း လောင်ဟွမ်က စောင့်ရှောက်လေသည်။ သို့ကြောင့် လောကသုံးပါးဟု ဆိုသော်လည်း အကြီးအကဲက လေးယောက် ဖြစ်နေခြင်း ဖြစ်သည်။

စားပွဲဝိုင်းကြီးကို အလယ်၌ ချထားသော ခန်းမဆောင်ကြီးသည် သာမန်ထက်ပို၍ ခမ်းနားချေသည်။ စားပွဲဝိုင်းကြီးသည် လွန်စွာကြီးမားပြီး ပြင်ဆင်ထားသော  ထိုင်ခုံတစ်ခုံချင်း၏ နောက်ကပ်ရပ်၌ အကြီးအကဲနှင့်အတူပါလာသည့် အစေအပါးများအတွက် နေရာထိုင်ခင်းများလည်း စီစဥ်ထားပေသည်။

ကျင်းထောင်၏ လက်ယာဘက်မလှမ်းမကမ်း၌ တောင်ပင်လယ်နဂါးမင်း လောင်ဟွမ်က နေရာယူထားသည်။ ကျင်းထောင်၏ လက်ဝဲဘက်၌ ဖုန်ဟွေ့က နေရာယူထားပြီး မျက်နှာချင်းဆိုင်တွင် ယမမင်းယန်ဝမ်ရှိလေသည်။ ယန်ဝမ်၏ နံဘေး၌ကား သေမင်းတမန်မိစ္ဆာမ ယဲ့မိန်ရှိလေသည်။

လောင်ဟွမ်က သူ့အတွက် သတ်မှတ်ထားသော ထိုင်ခုံတွင် ဝင်ရောက်ထိုင်ပြီးသည့်နောက်တွင် ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။

"လောကသုံးပါးအကြီးအကဲစည်းဝေးပွဲတဲ့...အကြီးအကဲမဟုတ်သူတွေလည်း တက်ရတာပဲလား''

ထို့နောက် သူက တစ်ကိုယ်တည်း ရေရွတ်ဟန်ဖြင့် ပြောလေသည်။

ဖုန်ဟွေ့ကမူ အစ်ကိုတော် ဤစည်းဝေးပွဲကို ဝင်နှောင့်လိမ့်မည်ဟု တွက်ထားပြီးဖြစ်သော်လည်း ဤမျှ မြန်လိမ့်မည်ဟု မထင်ခဲ့ချေ။

လောင်ဟွမ်၏စကားကြောင့် ယဲ့မိန်၏ မျက်နှာတစ်ခုလုံး ပြိုတော့မည့်မိုးလို မှုန်မှိိုင်းကာ မဲမှောင်သွားလေသည်။ထိုစကားက သူမကို တည့်တည့် ရည်ညွှန်းနေသည်လေ။

Legendary Phoenix [Complete]Where stories live. Discover now