Chapter 64.5

40.2K 4.2K 390
                                    

Unicode

(Rated Chapter ဖြစ်သောကြောင့် အသက်ဆယ့်ရှစ်နှစ်အောက်ကလေးသူငယ်များ ဖတ်ရှုရန်မသင့်တော်ပါ❌)

ဖုန်ဟွေ့၏ သန်မာသော လက်တို့က ဟွားဝူချင်၏ ​သေးသွယ်သောခါးကို အမိအရဆုပ်ကိုင်ကာ ပွေ့၍ သူ၏ ပေါင်ပေါ်သို့ ထိုင်စေသည်။

"ဖုန်ဟွေ့!''
ရုတ်တရက် ချီမခံရပြီး ဇာမဏီကြီး၏ ရင်ခွင်တွင်းသို့ ရောက်သွားသောကြောင့် ဟွားဝူချင် လန့်သွားလေသည်။ သူက ဖုန်ဟွေ့၏ ကိုယ်ပေါ်တွင် ထိုင်လျက်သား ဖြစ်နေပြီး ဖုန်ဟွေ့က သူ၏ ခါးကို ဆွဲဖက်ထားလေသည်။

"အိပ်မက်လေး...ကိုယ့်ရဲ့အိပ်မက်လေး''
ဖုန်ဟွေ့က ထိုသို့ရေရွတ်ကာ ဟွားဝူချင်၏ လည်တိုင်ကို နမ်းလေသည်။သူ၏ ရိုးရိုးသာမန်အနမ်းမဟုတ်ဘဲ တရှိုက်မက်မက်နမ်းနေခြင်း ဖြစ်သည်။

ဟွားဝူချင်ရှက်ရွံ့သွားသော်လည်း သူ၏ လည်တိုင်ကို မော့ထားပေးမိသည်။

ဖြူစင်ဝင်းမွတ်သောလည်တိုင်လေးကို လျှာဖြင့် တို့ထိကလူကာ သွားဖြင့် ခပ်ဖွဖွ ကိုက်၍ ဖုန်ဟွေ့သည် ချစ်ခြင်းကို အစပျိုးနေသည်။ သူသည် ယနေ့တွင် အိပ်မက်လေး၏ တစ်ကိုယ်လုံးကို နေရာလပ်မကျန် နမ်းရှိုက်မည်ဟု စိတ်ကူးထားပြီးဖြစ်သည်။

လည်တိုင်ဝင်းမွတ်မွတ်တွင် နီရဲရဲအရာများပြည့်သွားသောအခါ ဇာမဏီကြီးက နမ်းခြင်းအမှုကို ခေတ္တရပ်လိုက်သည်။

"သဘောကျလား''
ဖုန်ဟွေ့က ဟွားဝူချင်ကို ပို၍တိုးကာဖက်ပြီး မေးလိုက်သည်။ သူ၏ မျက်ဝန်းတို့က နူးညံ့နေပြီး မီးလျှံတစ်မျိုးတောက်နေသည်။

ဟွားဝူချင် သူ၏ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ သူကူကယ်ရာမဲ့နေပြီဖြစ်သည်။ ရင်ခုန်သံကတဒိုင်းဒိုင်းမြည်ကာ ဖုန်ဟွေ့ကိုထပ်၍နမ်းရန် တောင်းဆိုချင်မိသည်။

ပြန်ဖြေရမည်ကို ရှက်ရွံ့နေသော ဟွားဝူချင်က မျက်လုံးရွဲများဖြင့် ဖုန်ဟွေ့ကို မော့ကြည့်ပြီး ခေါင်းငြိမ့်ပြသည်။

အိပ်မက်လေး၏ ဟန်အမူအရာကိုကြည့်ကာ ဖုန်ဟွေ့၏ ရမ္မက်စိတ်တို့ နိုးကြွလာလေသည်။ သူက ဟွားဝူချင်၏ အဖြူရောင်ဝတ်ရုံကို ပခုံးထိလျှောကျစေကာ တစ်စွန်းတစ်စပေါ်လာသော လိပ်ပြာပုံညှပ်ရိုးကို စတင်၍ နမ်းလေသည်။

Legendary Phoenix [Complete]Where stories live. Discover now