Chapter 86

19.3K 3.8K 171
                                    

Unicode

ဖုန်ဟွေ့သည် လွန်ခဲ့သော နှစ်လလုံးလုံး တစ်မြို့ပြီးတစ်မြို့ မရပ်မနား သွားလာခဲ့သည် ။ သူသည် အိပ်မက်နတ်ဆိုး၏ ပြုစားမှု အရိပ်အယောင်ရှိသော မြို့တိုင်းကို သွားရောက်၍ စုံစမ်းနေခဲ့ခြင်း ဖြစ်သည် ။ ပြုစားခံရသူများထဲမှ ကယ်တင်လို့ရသူတို့ကို ကယ်တင်၍ လူအများကို ဖုန်ဟွေ့ ကူညီခဲ့လေသည် ။

ကောင်းကင်ဘုံ၌ အမြဲတစေ ပြသနာရှာကာ အစည်းအဝေးပင် ပုံမှန်မတက်သော နတ်ဘုရားသည် ယခုအခါတွင် လူ့လောကအတွက် ၎င်း၏ အစွမ်းအစတို့ကို စွမ်းစွမ်းတမံထုတ်သုံး၍ လူအများကို  ဆောင်မနေလေသည်။

ထိုသည်က သူအချစ်ရဆုံး နတ်ဘုရားလေး၏ အနက်ရှိုင်းဆုံးသော ဆန္ဒဆိုသည်ကို သူသိနေခဲ့သည်လေ ။

နေနတ်သား ၊ မိုးနတ်သားသည်လည်း ဧကရာဇ်၏ ခိုင်းစေမှုဖြင့် ဖုန်ဟွေ့ကဲ့သို့ အဲ့မုန့်ကျီးရှန်း၏ နောက်သို့လိုက်နေကြသည် ။ လွန်ခဲ့သော သုံးရက်က ၎င်းတို့သည် ဖုန်ဟွေ့ နှင့် မြို့တစ်မြို့၌ တွေ့ပြီး အိပ်မက်နတ်ဆိုးအရိပ်အယောင်တစ်ပြိုင်နက်ပေါ်လာသော နေရာနှစ်နေရာကို လူခွဲ၍ သွားရန် သဘောတူခဲ့ကြသည် ။ 

အိပ်မက်နတ်ဘုရား ဟွားဝူချင် ပြုစားခံလိုက်ရပြီးကတည်းက အိပ်မက်နတ်ဆိုး၏ ဝိညာဥ်ဖမ်းစားမှုများနှစ်ဆပိုများလာခဲ့ကာ တစ်ထေရာတည်းတူနေသော သူများဖြစ်သည့်အတွက် ၎င်းတို့အနက် မည်သည့်အရာက မည်သူ့လက်ချက်ဖြစ်သည်ဟု တပ်အပ်ပြောရန် ခဲယဥ်းပေသည် ။

အဲ့မုန့်ကျီးရှန်း နှင့် တသွေမတိမ်း တူညီနေသော ဟွားဝူချင်ကို မိုးနတ်သားနှင့် နေနတ်သားတို့ မခွဲခြားတတ်ချေ ။ ဖုန်ဟွေ့ တစ်ယောက်သာ ၎င်းတို့နှစ်ယောက်ကို ခွဲခြားနိုင်လေသည် ။

ဖုန်ဟွေ့က နေရာနှစ်နေရာ၌ အရှေ့တောင်အရပ်ဆီသို့ တုရှု သွားမည်ဟု ရွေးချယ်လိုက်သောကြောင့် မိုးနတ်သားနှင့် နေနတ်သားတို့သည် ဆန့်ကျင်ဘက်အရပ်ဆီသို့ ဦးတည်ထွက်လာခဲ့သည် ။

မိုးနတ်သား စိတ်ထင်သည် မဟုတ်ပါ ။ သူတို့တွေ့ချိန်၌ ဖုန်ဟွေ့သည် စိတ်နှင့်လူနှင့်ပင် မကပ်သလို၊ ဝိညာဥ်လွင့်နေသော သူကဲ့သို့ ဖြစ်နေရကာ ကျင်းဖန်လို ဖုန်ဟွေ့ကို မျက်နှာကြောမတည့်သူပင် အနည်းငယ် သနားကရုဏာဖြစ်သွားသည် ။ အမြဲတစေ ဘဝင်လေဟပ်ကာ ပြဿနာနတ်ဘုရား၏ သွင်ပြင်အသစ်ကို သူအသားမကျသည်လည်း ဖြစ်နိုင်သည် ။

Legendary Phoenix [Complete]Where stories live. Discover now