Chapter 72

24.3K 4.2K 315
                                    

Unicode

လောကသုံးပါးအကြီးအကဲစည်းဝေးပွဲရှိသောကြောင့် ကောင်းကင်ဘုံမှ နတ်ဘုရားများ စုရုံးနေကြသည်။ အမှန်တကယ် စည်းဝေးပွဲကျင်းပလျှင် ၎င်းတို့အားလုံး တက်ရောက်ရမည် မဟုတ်သော်လည်း ကြုံတောင့်ကြုံခဲ အခွင့်အရေးရချိန်၌ လောကသုံးပါးမှ အကြီးအကဲများကို မြင်ဖူးလိုကြခြင်း ဖြစ်သည်။ သို့ကြောင့် နတ်ဘုရားများသည် စည်းဝေးပွဲကျင်းပမည့် အတုမဟာ ခန်းမဆောင်ကြီးအပြင်၌ ရှိနေကြသည်။

ဇာမဏီများအရှင်ဖုန်ဟွေ့သည်ကား ၎င်းက ကောင်းကင်ဘုံ ကိုယ်စားပြု တက်ရောက်ရမည် ဖြစ်သည့်အတွက် ရောက်ရှိလာမည့် အကြီးအကဲများကို ဧကရာဇ်၏ ကိုယ်စား နှုတ်ခွန်းဆက်ရန် ရောက်နေပေသည်။ အိပ်မက်နတ်ဘုရား ဟွားဝူချင်သည်ကား ဖုန်ဟွေ့၏ နံဘေး၌ ငြိမ်သက်စွာ ရပ်နေသည်။

"ဝူချင်! ပျင်းနေပြီလား?''

အချိန်ကြာမြင့်စွာ ရပ်နေရသော်လည်း တစ်စုံတစ်ဦးကမှ ပေါ်လာမည့် အရိပ်အယောင်မတွေ့သေးသောကြောင့် ဖုန်ဟွေ့က ဟွားဝူချင်ကို ကပ်ကာ မေးလိုက်သည်။

"ဟင့်အင်း...မပျင်းဘူး''

ဟွားဝူချင်က သူ၏ ခေါင်းကို ခါယမ်းကာ ဖြေသည်။ ယနေ့တွင်ကား ဟွားဝူချင်သည် သူ၏ ငွေဖြူရောင်ဆံနွယ်များကို မစည်းနှောင်ဘဲ ချထားသည်။ မျက်နှာတွင်ကား ခါတိုင်းကဲ့သို့ မျက်နှာဖုံးတစ်ခု တပ်ဆင်ထားသည်။

ကောင်းကင်ဘုံ၌ သူတို့နှစ်ဦး၏ ပတ်သက်မှုက လျှို့ဝှက်ချက် မဟုတ်တော့သည့်အတွက် ဖုန်ဟွေ့က နတ်ဘုရားများအလယ်၌ ဟွားဝူချင်ကို ဂရုစိုက်ရန် တွန့်ဆုတ်မနေချေ။ သူ၏ လက်တစ်ဖက်က ဟွားဝူချင်၏ ပခုံးကို ခပ်ဖွဖွ ဆုပ်ကိုင်ထားသည်။

ထုံးစံအတိုင်း ဇာမဏီကြီးသည် အိပ်မက်နတ်ဘုရားနားသို့ ကပ်ကာ နှစ်ကိုယ်ကြားစကားများကို တီးတိုးပြောနေသည်။

အိပ်မက်နတ်ဘုရား၏ နူးညံ့ညင်သာသော မျက်နှာ၌ တစ်ချက်တစ်ချက် အပြုံးရိပ်များပေါ်သွားပြီး ဇာမဏီကြီးပြောသည်ကို နားထောင်နေလေသည်။

ကြည်နူးနေသော နတ်ဘုရားစုံတွဲ အတွက် ကျန်နတ်ဘုရားများက လျစ်လျူခံများပင်။

Legendary Phoenix [Complete]Where stories live. Discover now