Chapter 31

30.3K 4.9K 204
                                    

Unicode

ဟွားဝူချင်သည် ယဲ့မိန် လူသားများကို မြို့၏ အစွန် တောအုပ်၌ ဖမ်းဆီးထားကြောင်း သိထားပြီး ဖြစ်သည်။ ပထမရက်က သူသည် ဖမ်းဆီးခေါ်ဆောင်သွားသည့် နေရာကိုသာ သိအောင် လုပ်ခဲ့ပြီး လှည့်ပြန်ခဲ့သည်။ သူ့ကို လက်ခံကာ ညအိပ်ခိုင်းသော အဘွားအိုကို သူ ရုတ်တရက်ပျောက်သွားပြီဟု မထင်စေချင်ပါ။ သို့ကြောင့် သူမနက်မိုးမလင်းခင် ပြန်လာခဲ့သည်။

အဘွားအိုက သူ့ကို တစ်ညလုံး အိပ်ပျော်နေသည်ဟုသာ ထင်ရှာသည်။ သူမကိုယ်တိုင်လည်း သန်းခေါင်ယံအထိ ဆုတောင်းနေပြီးမှ အိပ်ပျော်သွားလေသည်။

"လူလေး...''

အဘွားအိုက ရေဇလုံတစ်ခုသယ်လာပြီး ဟွားဝူချင်ကို ကိုယ်လက်သန့်စင်စေရန် ပေးသည်။

"ဟာ...အဘွား...ကျွန်တော်ဘာသာသယ်ပါ့မယ်''

ဟွားဝူချင်က ကမန်းကတန်းထပြီး အဘွားအို၏ လက်ထဲက ရေဇလုံကို ယူလိုက်သည်။ ကံကောင်းသည်က များစွာလေးလံခြင်းမရှိပေ။ ဟွားဝူချင်အတွက်က ကိစ္စမရှိသော်လည်း အဘွားအိုကို သနားသောကြောင့် ဖြစ်သည်။

"လူလေး...အဲ့ဒါဆိုရင် မနက်စာအဘွား ဆန်ပြုတ်နည်းနည်းပြုတ်ထားတယ်၊ လူလေးပြီးရင် ထွက်စားနော်''

အဘွားအိုက ဟွားဝူချင်ကို မှာကြားကာ အခန်းထဲက ထွက်သွားသည်။

မျက်နှာသစ်၍ ကိုယ်လက်သန့်စင်ပြီးနောက် ဟွားဝူချင် အပြင်သို့ ထွက်လာသည်။ သူသည် နံရံပေါ်က ဇာမဏီငှက်ပုံကို ကြည့်ရင်း သက်ဆိုင်သူတစ်စုံတစ်ယောက်ကို မဆီမဆိုင် သတိရသွားလေသည်။ ဖုန်ဟွေ့က သူ့ကို တောင်ပင်လယ် သွားမည်ဟုသာ ပြောသွားသည်။ သူမည်သည့်ကိစ္စရှိသည်ကို ပြောမသွားခဲ့ပေ။

"လူလေး...ထိုင်...''

အဘွားအိုက စားပွဲခုံကို ညွှန်ပြရင်း သူ့ကို ဝင်ထိုင်စေသည်။ စားပွဲပေါ်တွင် ရှိနေသည်က ဆန်ပြုတ်ပန်းကန်နှစ်လုံး ဖြစ်လေသည်။

ဟွားဝူချင် မစားရက်သည်က အမှန်ပင်ဖြစ်သည်။ သို့သော် သူမစားပါက ထိုအဘွားအို ပို၍ စိတ်မကောင်း ဖြစ်သွားမည်ကို သိသောကြောင့် သူကပထမဆုံးတစ်ဇွန်းကိုယူကာ စားလိုက်သည်။

Legendary Phoenix [Complete]Where stories live. Discover now