Chapter 22

30.7K 4.9K 357
                                    

Unicode

ကောင်းကင်ဘုံအစည်းအဝေးခန်းမဆောင်ရှေ့တွင် တက်ရောက်သူနတ်ဘုရားအရေအတွက်ကို ပြသသည့် ချိန်သီးနာရီကြီးသည် ၉၉၉ ဟူသော ဂဏန်းကို ပြသနေသည်။ ထုံးစံအတိုင်း တစ်ပါးသော နတ်ဘုရားကား နောက်ကျနေချေသည်။

ဧကရာဇ်ကျင်းထောင်ကြွလာသောအခါ နတ်ဘုရားတို့က ရိုသေစွာ ဂါရဝပြုကြသည်။

မထင်မရှားထောင့်စွန်းတစ်နေရာ၌ ငွေဖြူရောင်ဆံနွယ်များရှိသည့် နတ်ဘုရားလေးတစ်ပါးရှိနေလေသည်။

၎င်းသည် အိပ်မက်နတ်ဘုရား ဟွားဝူချင်ဖြစ်သည်။ သူသည် ယမန်နေ့ကတည်းက ကောင်းကင်ဘုံကို ပြန်ရောက်နေခြင်း ဖြစ်ပြီး လျှောက်တင်စရာရှိသည်တို့ကို ဧကရာဇ်အား လျှောက်တင်ပြီး ဖြစ်သည်။

ကျင်းထောင်ကသူ၏ ပလ္လင်ထက်မှ အောက်သို့ဝေ့ဝဲကြည့်လိုက်သည်။ ထုံးစံအတိုင်း တစ်ပါးသောနတ်ဘုရားက ပေါ်မလာသေးချေ။

အစည်းအဝေးစတင်သောအခါ နတ်ဘုရားများက ၎င်းတို့၏ ကိစ္စရပ်အဝဝနှင့် တာဝန်များကို လျှောက်တင်ကြသည်။ ဧကရာဇ်က နားထောင်ပြီး သင့်တော်သလို ဆုံးဖြတ်ပေးသည်။ နတ်ဘုရားအရေအတွက်များသောကြောင့် ကိစ္စရပ်များကလည်း များပြားလှပေသည်။

ထိုအချိန်တွင် ကောင်းကင်ဘုံ၏ လက်နက်တိုက်အရှေ့၌ တစ်ပါးသောနတ်ဘုရားက ချူလုံးသံတချွင်ချွင်ဖြင့် ရောက်လာသည်။

ဇာမဏီနတ်ဘုရား ဖုန်ဟွေ့ပင်ဖြစ်သည်။ သူသည်အစည်းအဝေးခန်းမတွင် ရှိနေရမည်ကို ရှိမနေဘဲ လက်နက်တိုက်သို့ ရောက်နေသည်။

အစောင့်အကြပ် စစ်သည်တော်တို့က ဖုန်ဟွေ့ကို တွေ့သောအခါ လှမ်းတားမြစ်ကြသည်။

"အရှင်! ဧကရာဇ်ရဲ့ အမိန့်မရှိဘဲ အထဲကို ဝင်လို့မရပါဘူး''

ဖုန်ဟွေ့သက်ပြင်းချလိုက်သည်။ သူ၏ အိတ်ထဲက တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်။

ဧကရာဇ်၏ ခွင့်ပြုမိန့်ပါရှိသော စာလိပ်ဖြစ်သည်။ ထိုခွင့်ပြုမိန့်က ဖုန်ဟွေ့ကိုယ်တိုင်ဖန်တီးလာသော အတုဖြစ်သည်။

နတ်စစ်သည်တော်က ထိုစာလိပ်ကို အသေအချာကြည့်ရှုသည်။ ထိုအရာမှာ ဧကရာဇ်၏ လက်နက်တိုက်ထဲသို့ ဝင်ရန်ခွင့်ပြုထားသော ခွင့်ပြုမိန့်ဖြစ်သည်။

Legendary Phoenix [Complete]Where stories live. Discover now