Chapter 97

25.4K 3.9K 656
                                    

Unicode

ဖုန်ဟွေ့သည် သူပြန်ရောက်ပြီး နောက်တစ်နေ့တွင် အစ်ကိုတော်လောင်ဟွမ်အား သတင်းပို့ရန် တောင်ပင်လယ်သို့သွားသည်။ ဟွားဝူချင်ကိုပါတစ်ပါးတည်း ခေါ်သွား၏ ။

ကောင်းကင်ဘုံတွင် ဇာမဏီကြီးတစ်ယောက် မဟူရာနန်းဆောင်၌ မအားလပ်နေပေရာ ဧကရာဇ်ဆီသို့ပင် မရောက်ဖြစ်။ သို့ကြောင့် သူက ဧကရာဇ်အား နှုတ်ဖြင့်သာ အကြောင်းကြားထားသည်။

နဂါးမင်းလောင်ဟွမ်က ဖုန်ဟွေ့ရောက်လာမည်ဖြစ်ကြောင်း ကြိုတင်သိထားပြီး ဖြစ်သည်။ ယခုအခါတွင် သူတို့နှစ်ယောက်၏ ညီအစ်ကို ဆက်ဆံရေးသည် အများသိပေါ်လွင်ထင်ရှားပြီ ဖြစ်ကာ ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။

အစ်ကိုကြီးပီပီ လောင်ဟွမ်က ညီငယ်နှင့် သက်ဆိုင်သူကို ကြိုဆိုရန် ဥယျာဥ်တော်၌ အထူးထူးသော စားဖွယ် ၊ သောက်ဖွယ်တို့ကို ပြင်ဆင်ထားသည်။

တောင်ပင်လယ်နန်းတော်သည် ရေအောက်အနက်တွင် ရှိရကား ဖုန်ဟွေ့သည် ရေပြင်နက်ကို ထိုးဆင်း၍ ပျံသန်းရသည်ကို သိပ်ပြီးမနှစ်သက်လှပါ။ ထို့ကြောင့် အလျဥ်းသင့်လျှင် အစ်ကိုတော်အား နန်းတော်ကို ရေပေါ်၌ပါ ဆောက်လုပ်ထားပါရန် အကြံပေးရမည်ဟု တွေးမိသည်။

၎င်းတို့ရောက်ရှိသွားချိန်တွင် တောင်ပင်လယ်ဂိတ်တံခါးဝ၌ ''အသက်ကိုချစ်လျှင်လှည့်ပြန်ပါ''ဟူသော ရင်းနှီးဖော်ရွေစွာ ကြိုဆိုသည့် စာတန်းကြီးက အခံ့သားရှိနေသည်။ သည်တစ်ကြိမ်တွင် ဖုန်ဟွေ့သည် တံခါးဝ၌ ကြာမြင့်စွာ စောင့်ဆိုင်းရန်မလိုတော့ချေ။ နန်းတော်သို့ အတားအဆီးမရှိ ဝင်သွားနိုင်လေသည်။

ဖုန်ဟွေ့ကို ကြောက်၍လားမသိ။ ခါတိုင်းဆိုလျှင် နဂါးရုပ်တု၏ မျက်လုံးများ၌ တပ်ထားသော နီရဲရဲ နဂါးအမြုတေတို့က ယခုတော့ မရှိတော့ချေ။ လောင်ဟွမ်သေချာစွာ သိမ်းဆည်းထားပုံရသည်။ သူ့ခမျာ ညီဖြစ်သူကောင်းမှုဖြင့် အားနာနာနှင့် ဧကရာဇ်ထံမှ နဂါးမင်း၏ သိက္ခာကို ဘေးခနဖယ်ကာ တောင်းယူခဲ့ရလေ သည်။

ထိုအကြောင်းကို ဟွားဝူချင်သိ၍ တရားခံရင်းမြစ်က သူဖြစ်နေပေရာ အားနာစွာဖြင့် နဂါးမင်းအား အိပ်မက်ကောင်းကောင်းမက်စေသည့် အဆောင်ကျောက်များ ပေးလာခဲ့ရသည် ။ လောင်ဟွမ်လည်း ဟွားဝူချင် အနေခက်မည်ဆိုး၍ လက်ခံထားရသည်။

Legendary Phoenix [Complete]Where stories live. Discover now