Chapter - 19

32K 5.2K 274
                                    

Unicode

သေမင်းတမန်မိစ္ဆာနယ်မြေ၌ ယဲ့မိန်၏ နန်းဆောင်တွင် သူမသည် လူ့လောကက အပေးအယူဖြင့် သူမထံရောက်လာသော ဝိညာဉ်များဆီမှ စွမ်းအားများကို စုပ်ယူနေသည်။ ဝိညာဉ်တို့မှာ အော်ဟစ်ညည်းညူကာ သေမင်းတမန်မိစ္ဆာမ၏ ခံတွင်းဝသို့ သက်ဆင်းရသည်။

ဝိညာဉ်တို့ဆီမှ ရရှိသော စွမ်းအားဖြင့် ယဲ့မိန်သည် သူမ၏ ရုပ်ဆင်းသွင်ပြင်၏ နုပျိုမှုကို ထိန်းထားနိုင်လေသည်။ အမှန်တကယ်ဆို သူမသည် သက်တမ်းထောင်ချီရှိနေပြီ ဖြစ်သော မိစ္ဆာမတစ်ယောက်ဖြစ်သည်။ သူမဖန်တီးခဲ့သော ကပ်ရောဂါများနှင့် လူသားတို့၏ ဝိညာဉ်တို့ကို စားသုံးမှုကြောင့် လောကတစ်ခွင်တွင် အမည်ဆိုးဖြင့် ကျော်ကြားလေသည်။

မိစ္ဆာလောကတွင် သူမကို ဒုတိယအဆင့်သတ်မှတ်ကာ အန္တာရာယ်အများဆုံး မိစ္ဆာအဖြစ်သတ်မှတ်ထားသည်။

ပထမအဆင့်တွင် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ယဲ့မိန်မတိုင်ခင် ရှိခဲ့သော အိပ်မက်ဆိုးစေတမန် အဲ့မုန့်ကျီးရှန်ကို သတ်မှတ်ထားသည်။ အိပ်မက်ဆိုးစေတမန်သည် ယဲ့မိန်ကဲ့သို့ ကပ်ရောဂါများဖန်တီးခြင်းမဟုတ်ပဲ ၎င်း၏ အမှောင်စွမ်းအားများသုံးကာ အကြောက်တရားများကို ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်။ အိပ်မက်ဆိုးတို့နှိပ်စက်ခြင်းခံရသော လူသားတို့သည် ကြီးစွာသော ဒုက္ခကို ခံစားရကာ နောက်ဆုံးတွင် သေဆုံးခြင်း အဖြစ်သို့ ရောက်လေသည်။

အဲ့မုန့်ကျီးရှန်သည် ကောင်းကင်ဘုံကို ဧကရာဇ်ကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီး နတ်ဘုရားတို့ထက် စွမ်းအားကြီးမားသောကြောင့် ၎င်းပျောက်ကွယ်သွားသော်လည်း နံပါတ်တစ် မိစ္ဆာအဖြစ် ဆက်လက်တည်ရှိနေခြင်း ဖြစ်သည်။

ယဲ့မိန်၏ နန်းဆောင်သို့ သူမ၏ အစေခံမိစ္ဆာတစ်ယောက် ဝင်လာသည်။

"သခင်မ စုံစမ်းခိုင်းတဲ့သတင်းရလာပါပြီ''

ယဲ့မိန်က သူမ၏ မျက်နှာကိုကြည့်မှန်တွင် တသသကြည့်ရင်း ပြန်ဖြေသည်။

"ပြော...သူကဘယ်ကလဲ''

"သူက ကောင်းကင်ဘုံက နတ်ဘုရားပါ။ ဖုန်ဟွေ့လို့ခေါ်ပါတယ်။ ဇာမဏီတွေကိုအစိုးရပြီး လူ့လောကမှာ ပူဇော်သူအများအပြားရှိတဲ့နတ်ဘုရားပါ။ ကောင်းကင်ဘုံရဲ့အချောမောဆုံး နတ်ဘုရားဘွဲ့ထူးကိုလည်း ရရှိထားပါတယ်''

Legendary Phoenix [Complete]Where stories live. Discover now