Chapter 65

31.1K 4.6K 360
                                    

Unicode

တောင်ပင်လယ်နဂါးမင်း၏ နန်းတော်၌ နဂါးမင်းလောင်ဟွမ်သည် အလုပ်များနေချေသည်။ သူသည် မကြာခင် တက်ရောက်ရမည့် လောကသုံးပါးအကြီးအကဲ အစည်းအဝေးပွဲတွင် တောင်ပင်လယ်ကို ပိုင်စိုးသူ အဖြစ် တက်ရောက်မည် ဖြစ်သည်။

လောကသုံးပါးအကြီးအကဲစည်းဝေးပွဲတွင် ကောင်းကင်ဘုံ၊ မိစ္ဆာလောက၊ မြေအောက်လောကမှ အကြီးအကဲများ တက်ရောက်မည် ဖြစ်သည့်အတွက် သေချာပေါက်သူသည် တောင်ပင်လယ်နဂါးကြီး၏ ပုံရိပ်ကို ထိန်းရချေမည်။

သို့ကြောင့် လောင်ဟွမ်သည် နန်းတော်မှ အစေခံတို့ကို တန်ဖိုးအကြီးဆုံးသော ပင်လယ်ရေအောက် ကျောက်​မြတ်ရတနာတို့ဖြင့် စီရင်ထားသော အဆင်တန်ဆာများကို ပြုလုပ်စေသည်။ ပင်လယ်ကိုပိုင်စိုးသည့် နဂါးမင်းအနေဖြင့် အဖိုးအနဂ္ဃထိုက်တန်သော တန်ဖိုးကြီးရတနာတို့ကိုလည်း လောင်ဟွမ်ပိုင်ဆိုင်လေသည်။ သူသည် ပြုလုပ်ထားသော အဆင်တန်ဆာတို့နှင့် လိုက်ဖက်သော အကောင်းဆုံး ဝတ်ရုံကို ချုပ်လုပ်စေပြီး ဝတ်ဆင်ရန် ကြံစည်ထားလေသည်။

လူတစ်ရပ်ခန့် မြင့်မားသော မြစိမ်းရောင် ကြည့်မှန်ကြီးရှေ့တွင် လောင်ဟွမ် မတ်တပ်ရပ်နေချေသည်။ သူသည် မှန်ထဲက ပေါ်လာသော သူ၏ ရုပ်သွင်ပြင်ကို ကြည့်နေသည်။ ဓားသွားလို တိရိသောမျက်ခုံး၊ စိမ်းညိုရောင်မျက်ဆံတို့ဖြင့် လောင်ဟွမ်က ရင့်ကျက်တည်ငြိမ်စွာ ချောမောသည်ကတော့ အမှန်ပင် ဖြစ်သည်။

ဤလောက၌ သူသည် ဒေါသကုမ္ဘာန်နဂါးမင်းအဖြစ်ကျော်ကြားလေသည်။ ကောင်းကင်ဘုံမှ လူများသည် တောင်ပင်လယ်နဂါးမင်း၏ ပိုင်နက်ထဲသို့ ဖြတ်သန်းသွားရမည်ကို အလွန်အမင်းကြောက်ရွံ့ကြလေသည်။ သို့သော် သူ၏ ပုံရိပ်ကိုမှေးမှိန်အောင် ပြုလုပ်သည့် တစ်စုံတစ်ယောက်ကား ကောင်းကင်ဘုံ၌ ရှိနေချေသည်။

ချစ်လှစွာသော ညီတော်ဖုန်ဟွေ့ပင်။
ကောင်းကင်ဘုံမှ နတ်ဘုရားများက သူ့ကိုကြောက်ရွံသည်မှန်သော်လည်း ဖုန်ဟွေ့၏ ပြသနာအရှာခံမည့်အစား နဂါးမင်း၏ အမြီးကို ပြေးဆွဲချင်သည်ဟု သဘောထားကြလေသည်။

Legendary Phoenix [Complete]Where stories live. Discover now