Chapter 50

29.6K 5.8K 231
                                    

Unicode

ဖုန်ဟွေ့သည် နေစင်္ကြာကွင်းနှင့် မိုးရေဖန်တီးသည့် ကြိမ်နှင်တံတို့ကို အသုံးပြုကာ ယပ်တောင်ဖန်တီးပြီးချိန်တွင် သူ၏ နားထဲ၌ နန်းဆောင်ရှေ့သို့ လှမ်းလာနေသော ခြေသံပြင်းပြင်းကို ကြားလိုက်ရသည်။

ဤမျှပြင်းသော ခြေသံသည် ဒေါသထွက်နေသူဆီကသာ လာရမည်။

ဖုန်ဟွေ့၏ နှုတ်ခမ်းတို့အထက်သို့ ကွေးညွတ်သွားသည်။

"ကျင်းဖန်...''

ကျင်းဖန်မည်မျှ စိတ်ဆိုးနေမည်ကို သူစိတ်ကူးကြည့်လို့ပဲရသည်။ သူက ကျင်းဖန်သိလိမ့်မည်ဟု တွက်ထားသော်လည်း ဤမျှ မြန်လိမ့်မည်ဟု မထင်ခဲ့။

"ဖုန်ဟွေ့...ဘာလဲ''

ပြုံးစိစိဖြစ်နေသော ဖုန်ဟွေ့ကို ဟွားဝူချင်က လှမ်းမေးသည်။ သူကလက်ထဲတွင် အသစ်စက်စက် ဇာမဏီခုနှစ်ကောင်ပုံပါ ယပ်တောင်ကို ကိုင်တွယ်ကြည့်နေသည်။ ယပ်တောင်က နဂိုကထက် အရွယ်အစားကြီးသွားပြီး အဖြူရောင်၊ အနီရောင်နှင့် ရွှေရောင်တို့ အချိုးကျနစွာ ပုံပေါ်တွင်ရှိနေသည်။

"ကျင်းဖန်လာနေပြီ''

ဖုန်ဟွေ့က သူဘာလုပ်ခဲ့သည် ဆိုသည်ကို သူကိုယ်တိုင်သာ သိသည်။

ဟွားဝူချင်၏ မျက်မှောင်လေး သိသာစွာကျုံ့သွားသည်။ သူသည်ဖုန်ဟွေ့ အနှီမိုးနတ်သား၏ နန်းဆောင်ကို သွားကတည်းက ပြဿနာ ရှာလာခဲ့မည်ကို သိနေသည်။

"ဖုန်ဟွေ့...မင်းသူစိတ်ဆိုးအောင်လုပ်ခဲ့တာလား''

"နည်းနည်းပါ...''

ဖုန်ဟွေ့က အစွယ်လေးများပေါ်အောင် ရယ်ပြီး ဖြေသည်။

"မင်းတောင်းပန်လိုက်၊ သေသေချာချာပြောပြပြီး တောင်းပန်လိုက်၊ သူ့ကိုစိတ်တိုအောင် ထပ်မလုပ်နဲ့နော်၊ မှားတာက မင်းမှားတာ''

ဖုန်ဟွေ့သည် သူ့တစ်ဘဝလုံး ဆိုးသွမ်းနေသည်မှာ အိပ်မက်လေးဆီက ဤကဲ့သို့ ဆူငေါက်မှုမခံခဲ့ရသောကြောင့်ဟုသာ ထင်မှတ်မိသည်။

အစ်ကိုတော်နှင့် ဧကရာဇ်က ဆူပူတိုင်း သူက ထပ်ထပ် လုပ်ချင်စိတ်သာ ရှိခဲ့သော်လည်း အိပ်မက်လေး၏ ဆူပူမှုကမူ မီးတောက်ကို သတ်လိုက်သောရေစက်လေးများကဲ့သို့ အေးချမ်းကာ သူ၏ စိတ်တွင်းက ကလိမ်ကကျစ်ကျချင်စိတ်တို့ကို အနိုင်ယူသွားချေသည်။

Legendary Phoenix [Complete]Where stories live. Discover now