Chapter 67

26.2K 4.4K 288
                                    

Unicode

ကောင်းကင်ဘုံ၌ မကြာမီ ကျင်းပမည့် လောကသုံးပါးအကြီးအကဲ စည်းဝေးပွဲနှင့် ပတ်သက်၍ နတ်ဘုရားတို့အား ဧကရာဇ်ကျင်းထောင်က ညီလာခံခန်းမသို့ လာရောက်ရန် အမိန့်ပေးထားလေသည်။

သို့ကြောင့်တစ်ထောင်သော နတ်ဘုရားတို့သည် ကောင်းကင်ဘုံညီလာခံသို့ စုရုံးရောက်ရှိလာကြသည်။

ဇာမဏီနန်းဆောင်၌ကား ဇာမဏီကြီး အလုပ်များနေချေသည်။ သူသည် လှပသော ရေတံခွန်လို ဖြာဝဲကျနေသည့် အိပ်မက်နတ်ဘုရား၏ ငွေဖြူရောင် ဆံနွယ်များကို စည်းနှောင်ပေးနေလေသည်။ ဖုန်ဟွေ့က ဤအရာကို ကောင်းကင်ဘုံက ပေးအပ်သည့် တာဝန်ကြီးနှယ် ခံယူကာ အာရုံတစိုက် လုပ်ဆောင်နေပေသည်။

"ရပြီလား''

ပိုးသားလို နူးညံ့သည့် ဆံနွယ်မျှင်တို့က လက်ချောင်းကြားမှ လျှောထွက်နေရာ ဇာမဏီကြီး အခက်တွေ့နေလေသည်။ အိပ်မက်လေး၏ ရပြီလား အမေးကိုပင် သူခေတ္တခန့် အချိန်ယူပြီးမှ ပြန်တုံ့ပြန်နိုင်သည်။

"ခဏလေး...''
ဖုန်ဟွေ့ စိတ်ရှည်လက်ရှည်ဖြင့် ဖြာဝဲကျသွားသော ဆံနွယ်တို့ကို တစ်မျှင်ချင်း သိမ်းကာ ပြန်ဖြေသည်။

ဟွားဝူချင် ငြိမ်နေလိုက်ရသည်။ သူအပြင်ထွက်ပါက မျက်နှာဖုံးအဖြူကို တပ်ဆင်ရမည်ဖြစ်သောကြောင့် ဖုန်ဟွေ့က ရှင်းလင်းသွားစေရန်ဟု ဆိုကာ ဆံနွယ်တို့ကို စည်းပေးနေခြင်း ဖြစ်သည်။

"ရပြီ! ရပြီ!''
ဖုန်ဟွေ့က အိပ်မက်လေး၏ ပိုသားလိုဆံနွယ်တို့ကို စည်းနှောင်ပြီးသည့်နောက် လွန်စွာကြီးမားသော တာဝန်ပြီးမြောက်သွားသည့်နှယ်ပြောလိုက်သည်။

"နောက်ကျနေမယ်''
ဟွားဝူချင် မတ်တပ်ရပ်ကာ သူ၏ မျက်နှာဖုံးအဖြူကို ကောက်ယူလိုက်သည်။

ဇာမဏီကြီးကား သူကောင်းကင်ဘုံ အစည်းအဝေးကို စ၍တက်ရောက်သည့် ရည်ရွယ်ချက်ကိုက အိပ်မက်လေးကို တွေ့ရန်ဖြစ်ရာ ယခုလို အတူနေချိန်၌ ထိုအစည်းအဝေး နောက်ကျခြင်း မကျခြင်းကို များစွာ အလေးမထားပေ။ သို့သော် အိပ်မက်လေးကိုလည်း မလွန်ဆန်နိုင်သည်ဖြစ်ရာ သူပါထ၍ အစည်းအဝေးသွားရန် ပြင်ရလေတော့သည်။

Legendary Phoenix [Complete]Where stories live. Discover now