Chapter 48

28.5K 5K 589
                                    

Unicode

နေနတ်သားဟန်ယု၏ နန်းဆောင်

နေနတ်သားသည် သူ၏ လုပ်ဆောင်ဖွယ်ဖြစ်သော လူ့ပြည်မှ ဆုတောင်းစာတို့ကို ဖတ်ရှုနေခိုက် နန်းဆောင်တံခါးကို ခေါက်သံကြားလိုက်သည်။

သူက ဆုတောင်းစာတို့ကို ချထားကာ တံခါးကိုဖွင့်ပေးရန် မနှေးမမြန်သော ခြေလှမ်းတို့ဖြင့် ထွက်လာသည်။
တံခါးမကိုဖွင့်လိုက်သောအခါ အံ့အားသင့်စရာ မြင်ကွင်းတစ်ခုက စောင့်ကြိုလျက်သား ဖြစ်နေသည်။

သူ၏ နန်းဆောင်တံခါးရှေ့တွင် မတ်တပ်ရပ်နေသူမှာ မျက်နှာကို မျက်နှာဖုံးအဖြူနှင့် ဖုံးအုပ်ထားသော အိပ်မက်နတ်ဘုရား ဖြစ်သည်။ ကောင်းကင်ဘုံတွင် အိပ်မက်နတ်ဘုရားသာည် လျှို့ဝှက်ပြီး တစ်သီးတစ်သန့်နေသည်ဟု သတင်းကြီးလေသည်။ ယခုမူကား သူ၏ နန်းဆောင်ရှေ့၌ ရောက်နေသည်။ ရောက်လာသည့်အကြောင်းရင်းကိုကား နေနတ်သား မခန့်မှန်းတတ်ပေ။

"အိပ်မက်နတ်ဘုရား''
သူက အံ့သြစွာဖြင့် နှုတ်ဆက်လိုက်သည်။

ဟွားဝူချင်က ဦးညွတ်ပြီး နေနတ်သား၏ နှုတ်ဆက်မှုကို တုံ့ပြန်လိုက်သည်။
"အစ်ကိုဟန်ယု...အလုပ်များရှုပ်နေလား''

နေနတ်သားက ခေါင်းယမ်းကာ နန်းဆောင်တံခါးကို ဖွင့်ပေးသည်။
"ရပါတယ်...ဝင်ခဲ့လေ''

နေနတ်သား၏ နန်းဆောင်သည် မျက်စိကျိန်းဖွယ်ရောင်ဝါရောင်ကျောက်တို့ကို အခြေပြုကာ တည်ဆောက်ထားသည်။ နန်းဆောင်ရှေ့တွင် နတ်သူငယ်များရှိသော်လည်း နေနတ်သားက နန်းဆောင်တံခကို ကိုယ်တိုင်လာဖွင့်ပေးသည်ကို ထောက်ရာ သူတစ်ယောက်ယောက်ကို စောင့်ဆိုင်းနေကြောင်း ထင်ရှားလေသည်။

"အစ်ကိုဟန်ယု...တစ်ယောက်ယောက်များစောင့်နေတာလား?''

နေနတ်သားက ခေါင်းငြိမ့်ပြီး ပြန်ဖြေသည်။
"အရေးမကြီးပါဘူး...ကျင်းဖန်ဒီကိုလာမယ်ပြောထားလို့''

ဖုန်ဟွေ့က သူ့ကို နေနတ်သားဟန်ယုဆီ နေစင်္ကြာကွင်း ခေတ္တငှါးရန် လွှတ်လိုက်ခြင်း ဖြစ်သည်။ သူကိုယ်တိုင်ကမူ မိုးနတ်သားဆီ သွားခဲ့လေသည်။

Legendary Phoenix [Complete]Where stories live. Discover now