Chapter - 17

33K 4.8K 236
                                    

Unicode

မြို့တော်သည် ယခင်နေ့ကကဲ့သို့ စည်ကားနေချေသည်။ ပွဲတော်ကာလကို လူအများစုက ပျော်ရွှင်စွာ ဖြတ်သန်းနေကြပြီး ကလေးများသည်လည်း ကစားစရာရောင်းသည့်နေရာတို့၌ စုပြုံကာ တိုးနေကြသည်။

လူအများ ရှုပ်ယှက်ခတ်နေသော်လည်း နတ်ဘုရားအစွမ်းဖြင့် တစ်စုံတစ်ရာ ထူးခြားပါက ချက်ချင်းသိနိုင်သောကြောင့် ဖုန်ဟွေ့က စိတ်အေးလက်အေးဖြင့် ဟွားဝူချင်နှင့်အတူ ရှိနေခြင်း ဖြစ်သည်။

ပွဲတော်ကာလတွင် ယမန်နေ့ညက အဆင့်နိမ့်မိစ္ဆာတစ်ကောင် နှောင့်ယှက်ခြင်းသာ ရှိခဲ့ပြီး ယခုအချိန်ထိ အခြားသော နှောင့်ယှက်မှုမရှိသေးပေ။

"ဝူချင်''

ဖုန်ဟွေ့ကနောက်သို့လှည့်ကာ သူ့ကိုခေါ်လိုက်သောကြောင့် ဟွားဝူချင်က ပြန်ကြည့်လိုက်သည်။

"မျက်လှည့်ပွဲ ကြည့်ဦးမလား''

ယမန်နေ့ကကဲ့သို့ပင် ပွဲဈေးတန်းတွင် မျက်လှည့်ပြသည့် အဖွဲ့များရှိနေကြသည်။ ကလေးများသာမက လူကြီးများပါ တိုးကြိတ်ကာ ကြည့်ရှုနေကြသည်။

ဟွားဝူချင်က ခေါင်းယမ်းပြသည်။ သူသည် မျက်လှည့်ပွဲကို ပြောသလောက်ကြီး စိတ်မဝင်စားချေ။ ထိုနေ့က ဖုန်ဟွေ့ကို ပေးရန် အကြောင်းပြချက်တစ်ခု အဖြစ်သာ ပြောခဲ့ခြင်း ဖြစ်သည်။

"အင်း...အဲ့ဒါဆို ကိုယ်တို့ဘယ်သွားမလဲ''

ဟွားဝူချင်က ပွဲဈေးတန်းကို ဝေ့ကြည့်လိုက်သည်။ သူတို့နင့် မျက်စောင်းထိုးမကျတကျ မြေကွက်လပ်တွင် အဘိုးအိုတစ်ယောက်ကာ မတ်တပ်ရပ်ကာ ပုံပြင်တစ်ပုဒ်ပြောပြဟန်ပြင်နေသည်။ သူ၏ ရှေ့တွင် လက်လုပ်ဝါးငှက်လေးများကို တုတ်ချောင်းရှည်နှင့် တွဲကာ ချိတ်ဆွဲထားသော ဝါးတိုင်လေးတစ်တိုင် ရှိလေသည်။ သူ၏ အနားတွင် ဝိုင်းထိုင်နေသော ကလေးဆယ်ယောက်ခန့်နှင့် ရပ်ကြည့်နေသူ လူကြီးသုံးယောက်ခန့်သာ ရှိသည်။

ဟွားဝူချင်က ထိုနေရာကို လက်ညှိုးထိုးပြပြီးပြောလိုက်သည်။

"အဲ့ဒီကို သွားရအောင်''

ကောင်းကင်ဘုံက အမိန့်ကိုသာ ဖီဆန်ချင်ဖီဆန်တတ်သော ဖုန်ဟွေ့က ဟွားဝူချင်၏ စကားကို မငြင်းပယ်ပဲ ခေါင်းညိတ်ပြသည်။

Legendary Phoenix [Complete]Where stories live. Discover now