Chapter 73

22.1K 4K 475
                                    

Unicode

ယမမင်းယန်ဝမ်ခန်းမဆောင်ထဲသို့ ရောက်ပြီးသွားချိန်တွင် နတ်ဘုရားများ၏ အာရုံက ပြန်လည် စုစည်းမိသွားကြသည်။ ၎င်းတို့သည် ဒုတိယအနေဖြင့် မည်သည့်အကြီးအကဲရောက်လာမည်ဆိုသည်ကို ခန့်မှန်းပြောဆိုနေကြသည်။

ဖုန်ဟွေ့ကမူကား ထိုသူသည် သူ၏အစ်ကိုတော်မဟုတ်မည်မှန်း သိနေသည်။ အစ်ကိုတော်၏ ကိန်းကြီးခန်းကြီးနိုင်မှုဖြင့် စည်းဝေးပွဲကို စောလျင်စွာ ရောက်မည် မဟုတ်ချေ။ လောင်ဟွမ်သည် တစ်ပါးလူများကသာ သူ့ကို စောင့်ရမည်။ သူက တစ်ပါးသူတို့ကို မစောင့်နိုင်ဟူသော ခံယူချက်မျိုးရှိသည့် တောင်ပင်လယ်ကို အပိုင်စားရသည့် နဂါးကြီးပင် ဖြစ်သည်။

ကောင်းကင်ဘုံသို့ ဒုတိယမြောက်အကြီးအကဲ ရောက်လာပြီ ဖြစ်ကြောင်း တစ်ချက် တုန်ဟီးသွားသည့် ကောင်းကင်၏မြေထုက သက်သေခံနေသည်။

အကုန်လုံး၏ အာရုံက လာလမ်းသို့ ရောက်သွားချေသည်။

ဒုတိယမြောက်အနေဖြင့် သေမင်းတမန်မိစ္ဆာမ စစ်ဝမ်ရှစ်ကျယ်လာလိမ့်မည်ဟူသော ထင်မြင်ချက်ပေးသူတို့၏ ထင်မြင်ချက်ကား မှန်သွားချေသည်။

ဖုန်ဟွေ့သည်လည်း လာလမ်းသို့ ကြည့်လိုက်ရာ အနီရောင်နှင့် အနက်ရောင် ရောယှက်ထားသည့် ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပေါ်လွင်စေရန် အသားပေး ဝတ်ဆင်ထားသည့် ယဲ့မိန်ကို တွေ့လိုက်ရချေသည်။ ၎င်း၏ အနောက်တော်ပါး၌ ထူးမခြားနား ဝတ်ဆင်ထားသည့် ယဲ့မိန်၏ အပေါင်းအပါ မိစ္ဆာမများ ပါလာလေသည်။

ယဲ့မိန်သည် မိစ္ဆာလောက၌ ကောက်ကျစ်ရက်စက်မှုကြောင့်သာမက ၎င်း၏အလှတရားကြောင့်လည်း ထင်ရှားကျော်ကြားသူဖြစ်သည်။ သူသည် သက်တမ်းထောင်ချီရှိပြီဖြစ်သော်လည်း ဝင့်ဝင့်ကြွားကြွား လှပနေသည့် မိန်းမပျိုတစ်ယောက်အသွင် ရှိလေသည်။ အကယ်၍ နတ်ဘုရားများကသာ ယဲ့မိန်ထိုကဲ့သို့ နုပျိုနေမှု၏ လျှို့ဝှက်ချက်ကို မသိလျှင် သူမ၏ အလှအပကို များစွာ ချီးမွှမ်းမိကြလိမ့်မည်ဖြစ်သည်။

ယဲ့မိန်က ခန်းမဆောင်အရှေ့က ကြိုဆိုသည့်နတ်ဘုရားကို တွေ့သည့်အခါ နှုတ်ခမ်းတစ်ချက်မဲ့သွားလေသည်။

Legendary Phoenix [Complete]Where stories live. Discover now