Chapter 10

37.3K 5.6K 271
                                    

မိုးနတ်သားကျင်းဖန်နှင့် နေနတ်သားဟန်ယုသည် ကောင်းကင်ဘုံလပ်နက်တိုက်တွင် ထိန်းသိမ်းထားသော အိပ်မက်နတ်ဆိုး၏ ရုပ်သွင်းပြောင်းအမြုတေကို သွားရောက်စစ်ဆေးခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ပဲ အဆုံးမဲ့သစ်တော၌ ထိန်းသိမ်းထားသော ဇာမဏီငှက်များပျောက်ဆုံးနေကြောင်း သိလိုက်ရသည်။ သို့ကြောင့် သူတို့်က ထိုအရေးကြီးသတင်းကို ဧကရာဇ်ထံ လျှောက်တင်ရန်အလျင်အမြန်ပြန်လာကြသည်။

ဧကရာဇ်ကျင်းထောင်က နေနတ်သားဟန်ယု၏ လျှောက်တင်မှုကို ကြားသောအခါ ချက်ချင်းမျက်နှာပျက်သွားလေသည်။

"အရှင်...ဒီကိစ္စက ဖုန်ဟွေ့လက်ချက်မကင်းဘူးလို့ ကျွန်တော်ထင်တယ်။ တကယ်သာဆိုရင် ဒါက ကောင်းကင်ဘုံရဲ့ စည်းကမ်းကိုချိုးဖောက်တာပါ''
မိုးနတ်သားကျင်းဖန်က သူစဉ်းစားမိသည်ကို ပြောသည်။

ဧကရာဇ်ကျင်းထောင်က ခေါင်းငြိမ့်ပြလိုက်သည်။ အမှန်ဆို သူသည်လည်း မိုးနတ်သားကျင်းဖန်နှင့် အတွေးတူလေသည်။ သို့သော် သူအလျင်စလို ဆုံးဖြတ်ချက်မချနိုင်သေး။

အခြားနတ်ဘုရားသာဆိုလျှင် ကျင်းထောင်က ချက်ချင်းခေါ်စစ်ဆေးပြီး အပြစ်ပေးမိပေလိမ့်မည်။ သို့သော် ယခုမူကား သူကိုင်တွယ်ရမည့် နတ်ဘုရားသည် ဖုန်ဟွေ့ ဖြစ်နေသည်။

ဧကရာဇ်က ခေါင်းအေးအေးထားကာ စဉ်းစားသည်။ ကောင်းကင်ဘုံလက်နက်တိုက်၏ အဝင်အထွက်သည် သူ၏ လက်ထဲတွင်သာ ရှိသည်။ ဖုန်ဟွေ့ ဝင်နိုင်ဦးတော့... ဇာမဏီများကို ခေါ်ထုတ်ကာ တစ်နေရာရာ သွားထားရန်မှာ မဖြစ်နိုင်ချေ။

သက်သေမရှိဘဲ စွပ်စွဲပါက တရားခံသည် ကျင်းထောင်သာ ဖြစ်သွားပေလိမ့်မည်။လက်နက်တိုက်၏ အဝင်အထွက်ကို ကိုင်ထားရသော ဧကရာဇ်တစ်ပါးအနေဖြင့် ဇာမဏီများပျောက်ဆုံးသွားသည်ကိုမှ မသိလျှင် သူ့အလွန်သာဖြစ်လိမ့်မည်။

ထို့ကြောင့် ဧကရာဇ်ကျင်းထောင်က မိုးနတ်သားနှင့်နေနတ်သားအား ဤကိစ္စကို အထူးလျှို့ဝှက်ထားရန် မှာကြားလိုက်ပြီး အိပ်မက်နတ်ဆိုး၏ ပြသာနာကိုသာ အာရုံစိုက်ရန် တာဝန်ပေးလိုက်သည်။

Legendary Phoenix [Complete]Where stories live. Discover now