Chapter 55

38K 5K 678
                                    


Unicode

ထိုညက ဖုန်ဟွေ့သည် ဟွားဝူချင်နှင့်အတူ ကြာပန်းရေကန်တွင် ရေချိူးပြီး ပင်ပန်းနုံးချိနေသော ဟွားဝူချင်ကို အိပ်ဆောင်သို့ ပွေ့ချီလာကာ အိပ်စက်စေသည်။

ဇာမဏီကြီး၏ ရင်ခွင်တွင်း၌ အိပ်မက်လေးသည် အပူအပင်မရှိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။

ဟွားဝူချင်သည် သူ၏ ပုံမှန်အားဖြင့် အစောကြီးနိုး၍ မတည်ငြိမ်သော သူ၏ စိတ်ကို ထိန်းချုပ်ရန် တရားထိုင်လေ့ရှိသည်။ သို့မဟုတ်ပါကလည်း အဆောင်ကျောက်မှ စွမ်းအားများကို စုပ်ယူ၍ အိပ်မက်ကမ္ဘာကို စမ်း၍ ဖန်တီးကြည့်နေလေ့ရှိသည်။ သူသည် ပို၍ အသေးစိတ်တိကျသော အိပ်မက်ကမ္ဘာကို ဖန်တီးရန် ကြိုးစားနေဆဲ ဖြစ်သည်။

ယနေ့မနက်တွင် ဟွားဝူချင် စောစောမနိုးပဲ သူနိုးထလာသောအခါ အချိန်လင့်နေပြီဖြစ်သည်။ သို့သော် သူ့ဘေးက တစ်စုံတစ်ယောက်ကား သူ့ထက်ပင် နောက်ကျကာ မနိုးသေးပေ။

မျက်တောင်ရှည်တို့ကို ပုတ်ခတ်၍ အားယူဖွင့်လိုက်သောအခါ မျက်လုံးက ကျိန်းစပ်နေချေသည်။ နှုတ်ခမ်းကလည်း ဖိကိုက်ထားခံရမှုကြောင့်အနည်းငယ် ဖျဥ်းခနဲ ဖြစ်သွားသည်။ ထိုမျှမက သူ၏ ခါးအောက်ပိုင်းမှ ကိုက်ခဲနေမှုကိုလည်း သူခံစားရသည်။

ချစ်ခြင်းတို့ဋီကာဖွင့်ပြီးသည့် မနက်ခင်းသည် အိပ်မက်နတ်ဘုရားအတွက် အိပ်မက်မဆန်လှပါ။

"ကျွတ်စ်...''
ဟွားဝူချင် ခန္ဓာကိုယ်ကို အနည်းငယ်ရွေ့လိုက်သောအခါ ကျောပြင်က ထိုးအောင့်လာသည်။

မနေ့ညက ပုံရိပ်များ ဟွားဝူချင်၏ စိတ်အာရုံတွင် ပေါ်လာလေသည်။

ကျောက်သားပြင်...
ထိုမာကြောနေသော ကျောက်ဆိုင်သားပြင်ပေါ်တွင်...

".....''
ဟွားဝူချင် ဆက်မတွေးရဲပါ။ ယခုပင် သူ အငွေ့ပျံပျောက်ကွယ်သွားချင်စိတ်များပေါ်လာသည်။ သူနှင့် ဖုန်ဟွေ့ ကြာပန်းရေကန်ဘေးတွင် မည်သို့သော အနေအထားနှင့် ဖြစ်နေခဲ့သည်ကို သူမှတ်မိနေသည်။

သူသည် သူ၏ ဘေး၌ အိပ်ပျော်နေဆဲသာ ဖြစ်သည့် ဖုန်ဟွေ့၏ ချောမောခန့်ညားနေသော မျက်နှာကို မရဲတရဲခိုး၍ကြည့်လိုက်သည်။

Legendary Phoenix [Complete]Where stories live. Discover now