Chapter 59

26.2K 4.5K 369
                                    

Unicode

ဟွားဝူချင်သည် လူကြီး၏ ဝိညာဥ်ရှိနေနိုင်မည့် အိပ်မက်ရပ်ဝန်းထဲသို့ တိုးဝင်လာခဲ့သည်။ ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံးသည် အနက်ရောင်တိမ်တိုက်များ လွှမ်းခြုံသွားသလို မဲမှောင်သွားသည်။

ခေတ္တအကြာမှ ဟွားဝူချင်၏ ရှေ့က မြင်ကွင်းသည် တဖြည်းဖြည်းကြည်လင်လာကာ အနက်ရောင်အငွေ့အသက်များလည်း လွင့်ပါးသွားသည်။

ဟွားဝူချင်သည် သူရောက်နေသည်က အိပ်မက်ဆိုးစေတမန်၏ အိပ်မက်ရပ်ဝန်းဖြစ်ကြောင်း သိလေသည်။ အိပ်မက်ဆိုးတို့ကို ကိုယ်စားပြုသည့်အတိုင်း ၎င်းဖန်တီးသော အိပ်မက်ရပ်ဝန်းသည်လည်း ခြောက်ခြားဖွယ် အတိဖြစ်နေသည်။

သုသာန်တစပြင်လို လွင်ပြင်ကျယ်ကြီး၌ မိစ္ဆာဆန်ဆန်ထီးထီးကြီးရှိနေသော နန်းတော်ကြီးတစ်ခုရှိလေသည်။
နန်းတော်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေဝိညာဥ်တစ်သောင်းကို ဖမ်းချုပ်ထားသည့်နှယ် မိစ္ဆာအငွေ့အသက်များနှင့် ပြည့်လျှမ်းနေသည်။

ဟွားဝူချင်သည် ထိုနန်းတော်ကြီးကို ကောင်းကောင်းသိပေသည်။ ၎င်းနန်းတော်ကြီးသည် သူ၏ ကျိန်စာအစကို ဆောင်ကြဥ်းပေးခဲ့သော ဝိညာဥ်မဲ့နန်းတော်ကြီးဖြစ်သည်။

နှစ်ပေါင်းထောင်ချီပြီး ကြာမြင့်ပြီးသည့်တိုင်အောင် အဖြစ်အပျက်တို့က ယမန်နေ့ကလို လတ်ဆတ်နေဆဲပင်။

သူက ကြာပန်းရေအိုင်မှ အိပ်မက်နတ်ဘုရားအဖြစ်မွေးဖွားလာပြီး ယခုကဲ့သို့ အိပ်မက်ရပ်ဝန်းထဲကမဟုတ်ဘဲ လက်တွေ့ကမ္ဘာက ဝိညာဥ်မဲ့နန်းတော်ကြီးဆီသို့သွားရောက်ကာ ကြောက်စရာအကောင်းဆုံး မိစ္ဆာနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရလေသည်။

ဟွားဝူချင်သည် သူ၏ စိတ်ကို အတတ်နိုင်ဆုံးတည်ငြိမ်အောင်ထား၍ ထိုဝိညာဥ်မဲ့နန်းတော်ကြီးဆီသို့ ဦးတည် လှမ်းလာခဲ့သည်။ အထဲတွင် စောင့်ကြိုနေသည့် မည်သည့်အရာကိုမဆို သူရင်ဆိုင်ရန် အသင့်ပြင်ထားပြီး လူနာကျန်း၏ ဝိညာဥ်ကို ရှာရန်သာ သူဆုံးဖြတ်လိုက်သည်။

"ဂျိမ်း''

နန်းတော်၏ တံခါးမကြီးက သူရောက်လာချိန်၌ အလိုလိုပွင့်သွားသည်။

Legendary Phoenix [Complete]Where stories live. Discover now