Chapter 61

24.4K 4.5K 252
                                    

Unicode

ဖုန်ဟွေ့သည် ပြင်းထန်သော ဒဏ်ရာကို မကုစားနိုင်မီတွင် မေ့မြောသွားချေသည်။

ထိုအချိန်တွင် ဟွားဝူချင်သည် ကောင်းကင်ဘုံက သူ၏ မဟူရာနန်းဆောင်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ သူသည် ဖုန်ဟွေ့အပေါ် ဒေါသထွက်ရမည့်အစား သူ၏ ရင်ဝ၌ တစ်စုံတစ်ရာတစ်ဆို့နေသလို သူဝမ်းနည်းနေချေသည်။ ထိုဝမ်းနည်းမှုကို ခေတ္တဖျောက်၍ သူသည် အိပ်မက်ဆိုးကမ္ဘာက လူသားများကို ကယ်တင်ရန်သာ ဆုံးဖြတ်လိုက်သည်။

ပထမဦးစွာသူသည် အဲ့မုန့်ကျီးရှန်း၏ အိပ်မက်ကမ္ဘာထဲသို့ ပြန်သွားရန် ကြိုးပမ်းကြည့်လေသည်။ အမှန်တကယ်တည်ရှိမနေသောပုံရိပ်ယောင်ကမ္ဘာက ပေးစွမ်းမည့် အန္တာရာယ်များသည် ကြိုတင်မမှန်းဆနိုင်ချေ။ သို့ကြောင့် ဟွားဝူချင်သည် သူ၏ စွမ်းအားများကို ဖြည့်တင်းရန် ပထမဦးစွာ အဆောင်ကျောက်များကို ယူငင်လိုက်လေသည်။ ထို့နောက်တွင်သူက အိပ်မက်ကမ္ဘာတစ်ခုဖန်တီးပြီး ပုံရိပ်ယောင်ကမ္ဘာက အဲ့မုန့်ကျီးရှန်း၏ အိပ်မက်ရပ်ဝန်းနှင့် ချိတ်ဆက်ရန် ကြိုးပမ်းနေသည်။

ထိုသို့ချိတ်ဆက်ရန်က မည်မျှကြာမြင့်မည်ကို ဟွားဝူချင်မသိပါ။ သေချာသည်က သူ၏ စွမ်းအင်အမြောက်အများ သုံးရမည်ဖြစ်ပြီး သူဒီနေ့တော့ နန်းဆောင်အပြင်သို့ ထွက်နိုင်မည်မဟုတ်ချေ။

အစပထမ၌ ဟွားဝူချင်က သူ၏ အမြင်အာရုံတွင် ဖြတ်ခနဲပေါ်လာသော ဖုန်ဟွေ့၏ ပုံရိပ်ကြောင့် သူအရင်လျှော့၍ ဖုန်ဟွေ့ကိုချော့ရန် စိတ်ကူးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဖုန်ဟွေ့သည် ဤတစ်လောကလုံး၌ သူအချစ်ရဆုံးသူ ဖြစ်သည်။ သို့သော် ရုတ်တရက် သူ၏ အတွေးထဲ၌ ဖုန်ဟွေ့က လူသားများကို ကယ်တင်ရန် ဆန္ဒမရှိကြောင်း ပြောသည့် ဟန်ပန်တို့ပေါ်လာသည်။ သို့ကြောင့် ဟွားဝူချင် သက်ပြင်းချကာ ဖုန်ဟွေ့ကို ခေါ်မည့်အစီအစဥ်ကို ပယ်ဖျက်လိုက်ရလေသည်။

ထို့နောက်တွင် ဇာမဏီနန်းဆောင်တွင် မေ့မြောနေသူ ဖုန်ဟွေ့၏ ကိုယ်သည် တစ်ချက်လူးလွန့်လာသည်။ သူအိပ်မက်မက်နေခြင်း ဖြစ်သည်။

Legendary Phoenix [Complete]Where stories live. Discover now