Chapter 28

30.2K 5K 327
                                    

Unicode

ဖုန်ဟွေ့သည် ဟွားဝူချင်၏ မဟူရာနန်းဆောင်တွင် ရောက်ရှိနေသည်။

"ဝူချင်...ကိုယ်သွားစရာရှိတယ်''

ဖုန်ဟွေ့က ဟွားဝူချင်ကို ကြည့်ကာပြောသည်။ သူသည် ဧကရာဇ်ဆီက တောင်ပင်လယ်သို့သွားရန် ခွင့်ပြုချက်ရပြီး ဖြစ်သည်။

ဟွားဝူချင်က ဖုန်ဟွေ့ကို မော့ကြည့်သည်။ သူသည် တောင်ပင်လယ်နဂါးမင်းနှင့်ဖုန်ဟွေ့၏ သွေးသားတော်စပ်မှုကို သိရှိထားပြီးနောက် ယခုကိစ္စတွင် တစ်စုံတစ်ရာသော အကြောင်းရင်း ရှိမည်မှန်း ခန့်မှန်းမိလေသည်။ ဖုန်ဟွေ့၏ မျက်နှာက ခါတိုင်းထက် လေးနက်တည်ကြည်နေသောကြောင့် ကိစ္စက အရေးကြီးသည်ဟု ဟွားဝူချင် ထင်လေသည်။

"တောင်ပင်လယ်ကိုလား''

"အင်း''

ဖုန်ဟွေ့က ဟွားဝူချင်၏ ဦးခေါင်းထက်က ငွေဖြူရောင်ဆံနွယ်များကို လက်ဖြင့် ထိုးဖွလိုက်ရင်း ဖြေသည်။

ဖုန်ဟွေ့၏ ထိုသို့သော အပြုအမူသည် ယခင်က ဟွားဝူချင်ကို စိတ်အနှောင့်အယှက်ဖြစ်စေသော်လည်း ယခုမူကား သူအသားကျနေချေသည်။ ထိုသို့ ဖုန်ဟွေ့ သူ၏ ဆံနွယ်များကို စိတ်တိုင်းကျ ဆော့ကစားနေခြင်းကို အပြစ်မမြင်တော့ချေ။

"အရေးကြီးလား''

ဟွားဝူချင်က မေးသည်။

"မဆိုစလောက်လေးပေါ့''

ဖုန်ဟွေ့သည် အမှန်တကယ် မီးတောင်ဝ၌ နေ့နေ့ညညဒုက္ခခံကာ နေရမည့်အရေးကို မဆိုစလောက်ဟုသာ သတ်မှတ်ထားသည်။

"ကြာမှာလား''

ဟွားဝူချင်က မေးသည်။ သူ၏ အသံက ခါတိုင်းထက် တိုးရှနေသည်။

"အင်း...ဆယ်ရက်လောက်ပဲ''

ဖုန်ဟွေ့က သူ၏ ခန့်မှန်းခြေကို ပြောသည်။

"ဂရုစိုက်''

ဟွားဝူချင်က ဖုန်ဟွေ့၏ ကိစ္စကို မသိသော်လည်း ထိုသို့မှာသည်က မမှားနိုင်ဟု ယူဆမိသည်။ အေးစက်စက် နတ်ဘုရားလေးမှာ မည်သို့သော အကြောင်းရင်းကြောင့် သူ၏ ရင်ထဲတွင် ဖုန်ဟွေ့အတွက် စိုးရိမ်ပူပန်မှုများ ကြီးစိုးလာသည်ဆိုသည်ကို အဖြေရှာ၍မရပေ။

Legendary Phoenix [Complete]Where stories live. Discover now