Chapter 84

19K 3.7K 267
                                    

Unicode

ကျိုးဖုန်းမြို့၏ လွင်ပြင်၌ ပူပြင်းသော နေရောင်အောက်တွင် လူတစ်ယောက် မတ်တပ်ရပ်နေသည်။ ထိုလူသည် အပူဒဏ်ကိုမမှုသည့်အလား နေရာမှ တစ်ဖဝါးမှ ရွေ့ခြင်းမရှိပေ။ ယုတ်စွအဆုံး သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများပင် ရွေ့လျားခြင်း မရှိချေ။

"ဟူး...ဟူး...''

လေပွေတစ်ချက် တိုက်ခတ်လိုက်ရာ လွင်ပြင်၌ ရှိနေသော ဖုန်မှုန့်တို့ ပတ်ဝန်းကျင်တွင် ဝေ့ဝဲသွားသည်။

ဖုန်ဟွေ့သည် ထိုနေရာ၌ ရှိနေသည်က အချိန်ကြာနေပေသည်။ ပြန်လည်အသက်ဝင်လာမည့် ဝိညာဥ်မဲ့နန်းတော်ကို သူစောင့်ကြည့်နေသော်လည်း ယခုထိ အရိပ်အယောင်ပင် မတွေ့ရသေးချေ။

ဖုန်ဟွေ့၏ ရင်ဘတ်တစ်ခုလုံး မီးမြှိုက်ခံထားရသလို ပူလောင်နေသည်ကအမှန်ပင်။ သူသည် ဟွားဝူချင် တစ်ခုခု ဖြစ်လျှင် ဟူသော အတွေးကို ဆက်၍ မတွေးရဲချေ။ အတွေးတို့က သူ့ကို သတ်နေသောကြောင့် ဖုန်ဟွေ့အတတ်နိုင်ဆုံး စိတ်ငြိမ်ငြိမ်ထားရန် ကြိုးပမ်းနေရချေသည်။

ထိုစဥ်...

နာရီပိုင်းခန့်အထိ တိတ်ဆိတ်နေခဲ့သော လွင်ပြင်တွင် သိသာသော လှုပ်ရှားမှုတစ်ခု ဖြစ်သွားချေသည်။

ဖုန်များဖြင့် ရောနေသော လေပွေကြမ်းသည် ပို၍ မြန်မြန်တိုက်ခတ်နေသည်။

ဖုန်ဟွေ့ မျက်တောင်ပင် မခတ်ဘဲ ထိုနေရာကို စူးစိုက်ကြည့်လိုက်သည်။ ယခုလေပွေကြမ်းက သာမန်သဘာဝအလျောက်နှင့် တိုက်ခတ်သည်နှင့် မတူဘဲ အမှောင်စွမ်းအင်များ သက်ဝင်နေသည်ကို သူခံစားမိပေသည်။

"ဝှစ်...''

တစ်ယောက်ယောက်က ပစ်လွှတ်လိုက်သလို ကျောက်သားစိုင်အစိတ်အပိုင်းတစ်ခုသည် လေပွေကြားမှ ထွက်ပေါ်လာသည်။ ထိုကျောက်သားအပိုင်းအစသည် ကြီးမားသောထုထည်ရှိသည့် အရာတစ်ခုမှ ပဲ့ကြွေလာဟန် ရှိသည်။

ဖုန်ဟွေ့က ထိုအပိုင်းအစကို အလျင်အမြန်ကောက်ယူလိုက်သည်။ ပြောင်ချောကာ နက်မှောင်နေသော ကျောက်သားပြင်က သူ့ကို တစ်စုံတစ်ရာအား သတိရမိသွားစေသည်။

Legendary Phoenix [Complete]Where stories live. Discover now