Extra (9)

9.9K 1.1K 22
                                    

ရှေးဦးစွာ ဧကရာဇ်က ထ၍ ပြန်သွားချိန်၌ မင်္ဂလာပွဲပိတ်သိမ်းရန် အချိန်စေ့ပြီဖြစ်ကြောင်း နတ်ဘုရားတို့ အလိုလို နားလည်လိုက်သည်။ ၎င်းတို့ကား မင်္ဂလာပွဲအစက ဇာမဏီနတ်ဘုရားကို ဒုက္ခပေးပြီး ဖြစ်သည့်အတွက် ယခုတော့ အချိန်ကို ပို၍ မယူလိုတော့ပေ။ သို့နှင့် နှုတ်ဆက်ကာ အသီးသီး ပြန်လာကြသည်။

ဖုန်ဟွေ့၏ အစ်ကိုတော် နဂါးမင်း လောင်ဟွမ်ကမူ ဖျော်ဖြေရေးများ မတိုင်ခင်က သူ၏ တောင်ပင်လယ်သို့ ပြန်သွားပြီ ဖြစ်သည်။ မည်သို့နေနေ အစ်ကိုတော့်ထံမှ တန်ဖိုးကြီး လက်ဖွဲ့ ရရှိပြီးပြီဆိုတော့ ဖုန်ဟွေ့လည်း မတားတော့။

ဖုန်ဟွေ့က အခမ်းအနား ပြီးစီး၍ ပြန်ရန် နှုတ်ဆက်လာသူ နတ်ဘုရားတို့အား အလွန်တရာမှကို ကြည်နူးပျော်ရွှင်စွာဖြင့် ''ပြန်လေ၊ကောင်းလေ'' အမူအရာနှင့် အခံ့သား ကြည့်နေ၏။ ဟွားဝူချင်မှာကား ယဥ်ကျေးချိုသာစွာ ကျေးဇူးတင်နှုတ်ဆက်စကား ဆိုနေရသည်။

နောက်ဆုံးတော့ အိပ်မက်ဆန်ဆန် မင်္ဂလာခန်းမကြီး၌ ထိမ်းမြားပြီးစ အသစ်စက်စက် မင်္ဂလာမောင်နှံပင် ကျန်နေခဲ့တော့သည်။

ထိုအခါမှ ဇာမဏီကြီးသည် ရွှေပိုးမျှင် ဝတ်ရုံလွှာဖြင့် တင့်တင့်တယ်တယ် လှပနေသော အိပ်မက်လေးအား ရွှန်းစားစား စိုက်ကြည့်၍ -

"အိပ် မက် လေး ''

"ဟမ် ... ''

"ကိုယ်တို့လည်း အိပ်ဆောင်ကို ပြန်သင့်ပြီ မဟုတ်လား''

ဖုန်ဟွေ့ကား တန်ဖိုးကြီးသော အချိန်အခိုက်အတန့်လေးကို အနည်းငယ်မျှပင် အပွန်းအပဲ့ မခံလိုရာ လော်ဆော်စကား ဆို၏။

ဟွားဝူချင်သည် ဖုန်ဟွေ့ကို ခပ်တွေတွေ စိုက်ကြည့်လာပြီး -

"ဧည့်သည်တွေမှ အကုန် မပြန်သေးတာကို''

ထိုသို့ အိပ်မက်လေးက ပြောလာသောအခါ ဖုန်ဟွေ့က ခန်းမတစ်ဝိုက် ဘေးဘီဝဲယာကို ကြည့်လိုက်လေသည်။ သေချာသည်ကတော့ အလွန်အမင်း ရှင်းလင်းနေပါသည်။

"ဘယ်သူမှ မရှိတော့ပါဘူး''

"ရှိတာပေါ့၊ ဒီမှာလေ''

Legendary Phoenix [Complete]Where stories live. Discover now