Chapter 49

28.3K 4.8K 329
                                    

Unicode

ဟွားဝူချင် ဖုန်ဟွေ့၏ နန်းဆောင်သို့ ပြန်ရောက်ပြီး မကြာခင်မှာပင် ဖုန်ဟွေ့သည်လည်း မိုးနတ်သား၏ နန်းဆောင်မှ ပြန်ရောက်လာခဲ့သည်။

ဟွားဝူချင်၏ စိတ်ထဲ၌ သူက နေနတ်သားကို လိမ်ခဲ့မိသည်ဟု တွေးထင်ကာ စိတ်မကောင်း ဖြစ်နေသည်။

"ကိုယ်ကူညီရမယ့် တစ်စုံတစ်ရာရှိလာရင် နေနတ်သားနဲ့မိုးနတ်သားကို ပြန်ကူညီမှာပါ...စိတ်မကောင်း မဖြစ်နဲ့''

ဖုန်ဟွေ့အားပေးလိုက်မှ ဟွားဝူချင်၏ မျက်နှာ ပြန်လည်ရွှင်ပျလာသည်။
"မင်းတကယ်ကူညီလိုက်နော်''
သူက ဖုန်ဟွေ့ကို သေချာအောင် ထပ်မှာလိုက်သည်။

"ဟုတ်ကဲ့''
ဖုန်ဟွေ့က အလွန်အမင်း ရိုးကျိူးသော ဟန်အမူအရာဖြင့် ပြန်ဖြေသည်။

ဟွားဝူချင်က သွားညီညီလေးများပေါ်အောင် ပြုံးမိသွားသည်။

သူမည်သည့်အချိန်မှ အနှီဇာမဏီကြီး၏ ကျီစယ်စနောက်မှုတို့ကို ရင်လှိုက်ဖိုမသွားပဲ နေနိုင်မည်နည်း။

ဖုန်ဟွေ့က ယပ်တောင်တစ်လက်ကိုယူကာ သူ၏ လုပ်ငန်းဆောင်တာ စတင်လေသည်။ နေနတ်သား၏ နေစင်္ကြာကွင်းနှင့် မိုးနတ်သား၏ ကြိမ်နှင်တံတို့ ပေါင်းစည်းကာ အင်အားမညီမျှမှုတို့ကို ထိန်းညှိပေးနိုင်မည့်ယပ်တောင်တစ်လက်ဖန်တီးခြင်း ဖြစ်သည်။

ဟွားဝူချင်ကမူ သူကကြည့်နေရုံသာ ရှိသောကြောင့် နံဘေး၌ တိတ်တဆိတ်ကြည့်နေလေသည်။

"ဝူချင်...ပျင်းနေမှာပေါ့''
ဖုန်ဟွေ့က သူ၏ ယပ်တောင်၌ ဇာမဏီပုံတို့ကို ရေးဆွဲရင်း ပြောသည်။

"မပျင်းပါဘူး...''
ဟွားဝူချင်က မျက်တောင်ရှည်ကြီးများပုတ်ခတ်၍ ဖြေသည်။

"ကိုယ်ကကြာဦးမှာ...''
ဖုန်ဟွေ့က ဟွားဝူချင်ဘက်သို့လှည့်၍ ပါးကိုဖျစ်ညှစ်ပြီးပြောသည်။
ု''ယုန်လေးတွေသွားကြည့်ပါလား?''

ဖုန်ဟွေ့သည် သူပိတ်ကန်နေကျယုန်လေးတို့ကို ယခုမှ အရေးတယူလုပ်၍ ပြောနေချေသည်။

ဟွားဝူချင်က ခေါင်းယမ်းပြသည်။
"ဟင့်အင်း...''

"ဘာလို့လဲ...သဘောမကျတော့ဘူးလား''
ဖုန်ဟွေ့က ဟွားဝူချင်ကိုမကြည့်ပဲ လက်ထဲက စုတ်တံဖြင့် ဇာမဏီ၏ အမြှီးဖျားကောက်ကြောင်းကို ရေးဆွဲရင်း ပြောလိုက်သည်။ အာရုံစိုက်နေရသောကြောင့် သူ၏ အကြည့်တို့က ယပ်တောင်မျက်နှာပြင်တွင် မြဲမြံစွာ ရှိနေသည်။

Legendary Phoenix [Complete]Where stories live. Discover now