Chapter 27

31.4K 5K 143
                                    

Unicode

ဧကရာဇ်ကျင်းထောင်နှင့် ဟွားဝူချင်သည် ဧည့်ခန်းမဆောင်တွင် စကားစမြည်ပြောနေကြသည်။ဟွားဝူချင်က တံခါးသွားဖွင့်ပေးကတည်းကသူ၏ မျက်နှာဖုံးကို ပြန်တပ်ထားပြီး ဖြစ်သည်။

"ဆိုင်းမဆင့်ဗုံမဆင့်လာရလို့ ကိုယ်တော်အားနာပါတယ် အိပ်မက်နတ်ဘုရား''

ကျင်းထောင်က ဟွားဝူချင်ကိုကြည့်ကာ ပြောသည်။

"ရပါတယ်အရှင်...အရေးကြီးကိစ္စများရှိလား''

ဧကရာဇ်ကျင်းထောင်က ခေါင်းညိတ်ပြသည်။

"ကိစ္စကတော့ တော်တော်ကြီးတယ်...''

ဟွားဝူချင်က သေချာစွာ နားထောင်နေသည်။

"လူ့လောကမှာ မနေ့က ပြည်နယ်တစ်ခုက လူတွေရာချီပြီး မကောင်းဆိုးဝါးတွေဖမ်းခေါ်သွားတာ ခံရတယ်တဲ့။ ခါတိုင်းလည်း ဒီလိုကိစ္စတွေရှိပေမဲ့ အခုလိုအစုံလိုက်အပြုံလိုက်ကတော့ ကိုယ်တော်ပထမဆုံး ကြားဖူးတာပဲ''

ဧကရာဇ်ကျင်းထောင်က အကြောင်းရင်းကို ရှင်းပြသည်။

"ကိုယ်တော်သတင်းရထားတာက အဲ့ဒီမိစ္ဆာတွေမှာ ဦးဆောင်နေတဲ့သူရှိတယ်တဲ့...''

ဟွားဝူချင်က ပြန်မေးလိုက်သည်။

"အရှင် အဲ့ဒါဘယ်သူများလဲ...''

"စီဝမ်ရှစ်ကျယ် ယဲ့မိန်''

ဧကရာဇ်က သက်ပြင်းချကာ ဖြေသည်။

ဧကရာဇ်မျက်နှာပျက်မည်ဆိုလျှင်လည်း ပျက်စရာပေ။ အနှီမိစ္ဆာမသည် အဲ့မုန့်ကျီးရှန်းနောက်ပိုင်းတွင် မိစ္ဆာလောက၏ နံပါတ်တစ်အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ သူမ၏ ဒုက္ခပေးနိုင်စွမ်းမှာ အဲ့မုန့်ကျီးရှန်းထက်တော့ နိမ့်ကျမည် မဟုတ်ချေ။

"ကိုယ်တော် လောလောဆည် လောကသုံးပါး အကြီးအကဲ စည်းဝေးပွဲအတွက် ပြင်ဆင်နေရတာရယ် အခြားနတ်ဘုရားတွေလည်း တာဝန်ပေးဖို့မရှိတာကြောင့် အိပ်မက်နတ်ဘုရားကို အကူအညီ တောင်းရမှာပဲ''

ဧကရာဇ်သည် ဤကိစ္စကို ဖုန်ဟွေ့ကို တာဝန်ပေးရန် ကနဦးက စိတ်ကူးခဲ့သော်လည်း ပြဿနာက ပိုကြီးသွားနိုင်သောကြောင့် ဟွားဝူချင်ကို တာဝန်ပေးရခြင်း ဖြစ်သည်။

Legendary Phoenix [Complete]Where stories live. Discover now